✿ R i g h t P e r s o n ✿
✿Part(26)✿
"ကျွန်တော်ထင်တယ် အဲ့မိန်းမ တစ်နေ့ဒီလိုလုပ်လိမ့်မယ်ဆိုတာ... နောက်ဆုံးတော့ အစ်ကိုလည်းကန်ထုတ်ခံရတာပဲ...ကမ္ဘာကိုတော့လုံးဝချီးကျူးသွားပြီ အဲ့မိန်းမကို အမြင်ကန်းအောင်လုပ်နိုင်တယ် "
ကိုထွဋ်က ဦးသက်ကို သူ့အထင်တွေပြောရင်း စိတ်ကို ဆွပေးသည်။ ဦးသက်ကတော့ ဘာမှမပြောဘဲ ငြိမ်နေပြီးမှ ပြောလာသည်။
"ကမ္ဘာက ဘာမှမလုပ်ဘူး "
ဦးသက်ဘက်က ကမ္ဘာကိုကာကွယ်သလိုပြောလာ၍ ကိုထွဋ်မျက်နှာ တင်းသွားသည်။ ဒါပေမဲ့ ဘာမှပြန်မပြောပါ။ ပြီးမှ...
"အခု ကိုသက်ဘာဆက်လုပ်မှာလဲ "
ဘာမှမပြောဘဲ ငြိမ်နေပြန်သည်။ သို့သော် မျက်ဝန်းတွေကတော့ တစ်ခုခုပြန်လုပ်တော့မယ်ဆိုတာ သေချာသည်။
သုံးရောင်ခြယ်တဲ့...
နာမည်နဲ့လူနဲ့လိုက်အောင်ကို ခြယ်လှယ်နိုင့်သည့်မိန်းမ။ ပထမဆုံး စည်းရဲ့ဘဝကို ခြယ်လှယ်တယ်။ အခုကျ သူ့ရဲ့ဘဝကို စိတ်ကြိုက်ခြယ်လှယ်ပြီး စွန့်ပြစ်တယ်။ ပြီးတော့ ကမ္ဘာ့ဘဝကိုပါ ထပ်ဝင်ပြီး ခြယ်လှယ်ဖို့ကြိုးစားပြန်တယ်။
သူက တုံးအတဲ့သူမဟုတ်ဘူး။ ဒါပေမဲ့ ခြယ့်ကိုချစ်တဲ့စိတ်နဲ့တုံးအသလိုဖြစ်သွားခဲ့သည်။ တစ်ကယ်ဆို အစကတည်းက ကမ္ဘာကို အလုပ်မခန့်ခဲ့သင့်ဘူး။
မင်းတွေးသလို ဘယ်အရာကမှ အဆင်ချောမသွားစေရဘူး ခြယ်...ကိုယ်ကတိပေးတယ် မင်းကို အရင်နေရာ ပြန်ပို့ပေးမယ်။
ယောက်ျားတစ်ယောက်က ချစ်မိရင် အစွမ်းကုန်ချစ်တတ်သည်။ အလိုလိုက်၊အကြိုက်ဆောင်ပေးကာ မကြိုက်တာမှန်သမျှကို မလုပ်ဘဲ နေနိုင်သည်။
ဒါပေမဲ့ ထိုယောက်ျားမုန်းသွားပြီဆိုလျှင်တော့...
✿✿✿✿~✿✿✿✿~✿✿✿✿~✿✿✿✿~✿✿✿✿
"မေကြီး သား ဦးဦးနဲ့တွေ့ချင်တယ် "
စည်းစကားကြောင့် သုံးရောင်ခြယ်ထမင်းစားနေရင်းမှ ရပ်သွားသည်။ စည်းကိုကြည့်တော့ မျက်ဝန်းတို့က တွေ့ခွင့်ပေးဖို့တောင်းဆိုနေဟန်ရှိသည်။
YOU ARE READING
Right Person [Completed]