✿ R i g h t P e r s o n ✿
✿Part(3)✿
ကုမ္ပဏီအပြင်ဘက်ရောက်တော့ ကမ္ဘာက ဆိုင်ကယ်ရပ်ပေးသည်။ ထိုအခါမှ သက်တန့် အသက်ရှူချောင်တော့သည်။ ဆိုင်ကယ်က ရိုးရိုးဆိုင်ကယ်မဟုတ်ဘဲ DDဆိုင်ကယ်လိုအမြင့်စားဖြစ်တာမလို့ တက်ရဆင်းရခက်သလို ထိုင်ရလည်းခက်သည်။
"ခဏ ဦးထုပ်ချွတ်ဦးမယ် "
"နေဦး ဆိုင်ကယ်ပေါ်ပြန်တက်"
"ဘာလို့လဲ "
"ဟိုမှာ "
ကမ္ဘာညွှန်ပြရာကြည့်လိုက်တော့ သက်တန့်တို့ရဲ့မနီးမဝေးမှာ အနက်ရောင်ကားကိုမှီပြီး သက်တန့်တို့ဆီအကြည့်ရောက်နေသည့် ထောင်ထောင်မောင်းမောင်းလူတစ်စု။ သက်တန့်အထင် လူမိုက်တွေဖြစ်မည်။
"သူတို့က ကိုယ့်ရန်ဖက်တွေ....မင်းကို ကိုယ့်ဆိုင်ကယ်ပေါ်ကဆင်းလာတာမြင်သွားပြီ မင်းနေခဲ့ရင် အန္တရာယ်များတယ်
မြန်မြန်တက် ""ဒါပေမဲ့ ကျွန်မ "
"တက်ပါ မြန်မြန် "
သက်တန့် ဒီနေ့မှ စကပ်မဝတ်ဘဲ ဘောင်းဘီရှည်ဝတ်ခဲ့လို့တော်သေးသည်။ မဟုတ်ရင် စကပ်ရှည်နဲ့ ဆိုင်ကယ်နဲ့က မတွေးရဲစရာ။
"သေချာကိုင်ထား "
"အင်း အမေ့..."
စကားပင်မဆုံးသေး ကြမ်းတမ်းစွာ မောင်းထွက်သွားသည့်သူ့ကြောင့် လက်တွေက သူ့ခါးကို ဖက်လျက်သား။
"ဝူး...."
"အမေရေ!..."
ပြင်းလွန်းသည့်အရှိန်ကြောင့် ခဏက အိပ်ချင်စိတ်ပင် ဘယ်ဆီရောက်သွားသည်မသိ။
✿✿✿✿~✿✿✿✿~✿✿✿✿~✿✿✿✿~✿✿✿✿
အနောက်မှာ သက်တန့်ပါလာ၍ ကမ္ဘာ မိုးမျှော်တို့အုပ်စုကို ပြန်မခုခံတော့ဘဲ မျက်ခြေဖြတ်ခဲ့လိုက်သည်။တစ်ယောက်တည်းဆိုရင်တော့ ရင်ဆိုင်ဖို့အသင့်။
"မင်းရဲ့အိမ်ဘယ်မှာလဲ "
"ဘာလုပ်မလို့လဲ "
"လိုက်ပို့ပေးမလို့ "
"တော်ပြီ ရှင့်ဆိုင်ကယ်နောက်ထပ်လိုက်ရင် ကျွန်မ သေလိမ့်မယ် "
YOU ARE READING
Right Person [Completed]