✿ R i g h t P e r s o n ✿
✿Part(13)✿
"အာ့ အား "
ငိုနေရင်းမှ သက်တန့်လက်က ကမ္ဘာ့ခန္ဓာကိုယ်ကို ပိုပြီးတင်းတင်းဖက်မိတော့ သူက အော်သည်။ သူ့အသံကြောင့် သက်တန့်အသိစိတ်ဝင်လာပြီး မျက်ရည်တွေကို ခပ်သွက်သွက်သုတ်ကာ...
"ဆော.ဆောရီး နာသွားလား "
"အဟွန်း ကိုယ်က အဲ့လိုထိယုံနဲ့မနာပါဘူး "
"ဟာ...ရှင်!"
ငိုထားတာကြောင့် နှာသီးလေးတွေရဲနေသည့်သက်တန့်က ရှက်စိတ်ကြောင့် သူ့ကိုမျက်စောင်းထိုးသည်။ သူ သက်တန့်ပါးပေါ်က မျက်ရည်တွေကို လက်မြန်စွာ သုတ်ပေးလိုက်၏။
"ဆောရီး...ခဏက ကျွန်မအသုံးမဝင်တာတွေပြောမိသွားတယ် "
"အသုံးမဝင်ရင် မေ့ပြစ်လိုက်...စိတ်ရှုပ်မခံနဲ့ "
"အင်း..."
သက်တန့်က ခပ်ခွါခွါရွှေ့လိုက်ရင်းမှ ပြောသည်။သူလည်းအခုမှသတိရကာ ထရပ်လိုက်၏။
"ဆောရီး ကိုယ်သွားတော့မယ် "
"အင်း "
သက်တန့်လိုက်မပို့ပါ။ သူ့အခန်းထဲပြန်ရောက်တော့ စည်းက အိပ်ပျော်နေပြီ။
ကမ္ဘာ ထိုင်ခုံပေါ်ကို စိတ်မသက်သာစွာထိုင်ချလိုက်ပြီး သက်ပြင်းချသည်။ တစ်ကယ်ဆို သူအဆင်မပြေပါ။ အရင်က နာကျည်းမတတ်မုန်းခဲ့ပြီးမှ သက်တန့်ကြောင့် အားလုံးကိုမေ့ထားရတာ မလွယ်ပါဘူး။
သက်တန့်နဲ့ကောင်းကင်စည်းကို မြင်ရင် မသိခင်ကလို ဆက်ဆံဖို့တွန့်ဆုတ်နေခဲ့သည်။ မသိစိတ်က ထွက်ပြေးဖို့ တိုက်တွန်းပေမဲ့ သိစိတ်က ဆက်နေစေခဲ့သည်။
သက်တန့်နဲ့သားစည်းက သွေးသားတော်စပ်မှုကလွဲရင် ဘာမှမုန်းစရာမရှိတာသိသည်။ သို့ပေမဲ့ ချက်ချင်းကြီး မေ့ပြစ်ဖို့ဆိုတာတော့ ခက်ခဲသည်။
အစကတည်းက မင်းက စည်းရဲ့ညီမ မဟုတ်ခဲ့ရင်ကောင်းမယ်။
✿✿✿✿~✿✿✿✿~✿✿✿✿~✿✿✿✿~✿✿✿✿
"ဦးကမ္ဘာ..."
"ဗျာ!..."
ထမင်းစားနေတာကို ဘေးနားကထိုင်ကြည့်နေပြီး အသံကျယ်ကျယ်နဲ့အော်ခေါ်လာသည့် သက်တန့်ကြောင့် သူကြောင်သွားရ၏။
YOU ARE READING
Right Person [Completed]