✿ R i g h t P e r s o n ✿
✿Part(34)✿
ဘယ်သူလဲ!?...
"ဒေါက် ဒေါက် "
"အထဲက ဘယ်သူလဲ..."
သူရေပန်းကိုပိတ်လိုက်တော့ ထွက်ပေါ်လာသည့်အသံကြောင့် သူ့မေးကြောတွေထောင်တက်သွားရသည်။
သက်တန့်အသံပဲ...
"ဒီမှာ အပြင်ထွက်မလို့...ထွက်မရဘူး အထဲမှာလူရှိရင် ထွက်ခဲ့ပါ...မဟုတ်ရင် ကျွန်မဝင်ခဲ့မယ်"
သက်တန့်အသံဆိုတာ သေချာသွား၍ သူတံခါးကိုအမြန်ဆွဲဖွင့်တော့ သက်တန့် သူ့ကိုမြင်ပြီး မျက်ဝန်းတွေက ဝိုင်းစက်သွားရသည်အထိ အံ့ဩသွား၏။
"ကို!..."
ထိုအခါမှ သက်တန့် သက်ပြင်းချနိုင်သည်။ အထဲမှာ တခြားယောက်ျားလေးသာဆို သက်တန့်ဒုက္ခရောက်ရဦးမှာ။
"သက်တန့်...မင်းဘယ်လိုလုပ်ပြီး ဒီအထဲမှာရှိနေတာလဲ "
သက်တန့် မရိပ်မိအောင် အသံကိုထိန်းကာ မေး၏။
"မသိဘူး...တစ်ယောက်ယောက်က သက်တန့်ကိုမေ့မျောစေခဲ့တာ...နိုးလာတော့ ဒီအခန်းမှာ ရောက်နေတာ...ကိုဘာဖြစ်နေတာလဲ "
သက်တန့်က အနားတိုးလာကာ သူ့ကိုထိမည်ကြံတော့ ရှောင်လိုက်၏။
"မထိနဲ့..."
"ဘာဖြစ်တာလဲ...ဘာလို့ရေပန်းအောက်ထိုင်နေတာလဲ "
သူ့မျက်ဝန်းတွေက အတင်းထိန်းချုပ်ထား၍ နီရဲနေပြီး ခန္ဓာကိုယ်က ပူကျစ်နေသည်။
သက်တန့်က ဒါကို မသိဘဲ အတင်းတိုးကပ်ကာ နဖူးကို လာကိုင်၏။
"ပူကျစ်နေတာပဲ...ကိုဖျားနေတာလား အာ့..."
သက်တန့်လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှူထုတ်သည်။
မဖြစ်ဘူး ကမ္ဘာ...သက်တန့်ကို လက်မထပ်မပြီးမချင်း မထိသင့်ဘူး။
"ကိုယ် ရေချိုးလိုက်ဦးမယ် "
"မရဘူး...ဒီလောက်ပူနေတာကို ဘာလို့ရေချိုးမှာလဲ ကိုသေချင်နေတာလား "
သက်တန့်က အတင်းသူ့ကိုတားသည်။
"လွှတ်...ကိုယ်ရေချိုးမှဖြစ်မယ် "
![](https://img.wattpad.com/cover/290894687-288-k63428.jpg)
ESTÁS LEYENDO
Right Person [Completed]