✿ R i g h t P e r s o n ✿
✿Part(7)✿
"မင်းက ကိုယ့်စိတ်ကိုမခံချင်အောင်လာစတာပဲ"
ဆယ့်ငါးမိနစ်လောက် နှစ်ယောက်ကြားမှာ တိတ်ဆိတ်သွားရပြီး ကမ္ဘာက စကားဆိုလိုက်ခြင်းဖြစ်သည်။
"..."
ဘာစကားမှပြန်မပြောတာကြောင့် သက်တန့်ကို အိပ်နေရာမှ ခေါင်းထောင်ကြည့်တော့ အင်္ကျီပေါ်မှာ အနည်းငယ်စွန်းထင်နေသည့် သွေးကွက်တွေကြောင့် ကမ္ဘာချက်ချင်းထထိုင်မိသည်။
"သွေးတွေ..."
ကမ္ဘာက သက်တန့်ပုခုံးကို ဆုပ်ကိုင်လိုက်ရင်း စကားဆိုတော့ သက်တန့်မျက်နှာလွှဲပြစ်သည်။
ခဏက အတင်းနမ်းနေ၍ သွေးပူပြီး အားနဲ့တွန်းထုတ်ပြစ်ခဲ့တာ အခုကျ ဒဏ်ရာကနာလာခြင်းဖြစ်သည်။"ကိုယ်ကြည့်ပေးမယ် "
"ဟင်...ဟင့်အင်း ရှင်လွန်နေပြီနော် ဦးကမ္ဘာ"
"ကိုယ်ဘာလုပ်လို့လဲ "
"ရှင့်ကိုရှင်သိမှာပေါ့ ကျွန်မက မိန်းကလေး...
ရှင်က ယောက်ျားလေး ဘယ်လိုလုပ်ပြီး သင့်တော်မှာလဲ""ဘယ်သူမှမမြင်ဘူးလေ "
"ဒါမဲ့ ရှင်မြင်တယ်လေ "
"ဒါက ကိုယ်လုပ်မိတာလေ ကိုယ်ပြန်ပြီး ဆေးထည့်ပေးမှာပေါ့ "
"ဟင့်အင်း ဆေးရုံရောက်မှ ထည့်မယ် သောကိုထည့်ခိုင်းမယ် "
ကမ္ဘာခဏတော့ငြိမ်သွားသည်။ မကြာပါ...ပြုံးစစမျက်နှာနဲ့သက်တန့်ကိုကြည့်ကာ...
"ဘာလို့သွေးပြန်ထွက်လဲလို့မေးရင် မင်းဘယ်လိုဖြေမှာလဲ "
သူ့စကားကြောင့် သက်တန့်မျက်နှာနီရဲလာကာ ရှက်သွားသည်။
"ရှင်...အပြင်ထွက်..."
"ဘာလို့လဲ..."
ကျစ်...သူ့ရှေ့မှာ သက်တန့်က ဒီတိုင်းအင်္ကျီချွတ်ရမှာလား...
"ဒဏ်ရာကို ဆေးထည့်ပေးမယ်ဆို...ဆေးရှိလို့လား သွားယူလေ...မရှိရင် ဝယ်..."
"ဪအင်း..."
ထိုအခါမှ ကမ္ဘာ ဆေးယူရန်ထွက်သွားသည်။
YOU ARE READING
Right Person [Completed]