✿ R i g h t P e r s o n ✿
✿Part(5)✿
နေ့လည်ခင်းမှာ ကမ္ဘာက သက်တန့်ဆီထပ်ရောက်လာပြန်သည်။ တော်သေးသည် သောက ခွဲခန်းဝင်နေရ၍ မရှိ။ မဟုတ်ရင် မေးခွန်းထပ်ထုတ်ဦးမည်ဆိုတာ မလွဲဧကန်ပင်။
"ဦးကမ္ဘာ ဘာလာလုပ်တာလဲ"
ကမ္ဘာက သက်တန့်ကိုလှည့်မကြည့်ဘဲ ယူလာခဲ့သည့် အထုတ်တွေကို စားပွဲပေါ်တင်သည်။
"မင်းကို လာကြည့်တာ"
"ကျွန်မသက်သာပါတယ်"
"မင်းဆေးရုံက မဆင်းမချင်းကိုယ်လာမှာ သက်တန့် ကိုယ့်ကြောင့်ထိခိုက်သွားတဲ့မင်းကို ကိုယ်ဒီလောက်တော့ လုပ်ပေးလို့ရတယ်မလား"
စတော်ဘယ်ရီဖျော်ရည်ကို သက်တန့်ဆီကမ်းပေးရင်း လူနာကုတင်ရှေ့ကခုံမှာ ဝင်ထိုင်သည်။
"ကျွန်မ စတော်ဘယ်ရီဖျော်ရည်ကြိုက်တာ ရှင်ဘယ်လိုသိလဲ.."
"မှန်းဝယ်လာတာ "
"အဲ့တာကရော ဘာတွေလဲ"
သက်တန့်လက်ညိုးထိုးပြလိုက်သည်က စားပွဲပေါ်မှာ တင်ထားသည့် အထုတ်တွေကိုပင်။
"မင်း ညကျ စားရအောင် သရေစာတွေဝယ်လာတာ ဘာကြိုက်တတ်လဲ မသိလို့ မှန်းဝယ်လာခဲ့တာ "
"ကျွန်မ ဆေးရုံမှာ နေရင်း ရှင့်ကြောင့် ဝလာမှာ သေချာတယ်"
"မင်းက ဘယ်လိုနေနေချစ်စရာကောင်းပါတယ်"
"အဟွတ်...ဟွတ်"
သူ့စကားကြောင့် သက်တန့် သီးသွားရသည်။
ချစ်စရာကောင်းတယ်ဆိုတဲ့စကားကိုကြားရတော့မျက်နှာကနီရဲလာသည်။"ကျစ်...ဒါလေးပြောတာကို အဲ့လောက်ရှက်နေတာလား..."
"ဒါမဲ့ ရှင်က ရုတ်တရက်ကြီးပြောတော့ သီးသွားတာပေါ့ "
"အဟွန်းအခုပြောရင် ရုတ်တရက်မဖြစ်တော့ဘူးမလား "
"ဟင်!"
သက်တန့်ကြောင်အသွားတာကို အခွင့်ကောင်းယူကာ သက်တန့်ခေါင်းကို ဖွဖွဖိလိုက်ရင်း...
"မင်းကိုမင်း ကျွန်မလို့သုံးတာထက် သက်တန့်လို့သုံးတာက ပိုပြီးချစ်ဖို့ကောင်းတယ် "
YOU ARE READING
Right Person [Completed]