Part(25)

4.1K 134 0
                                    

✿ R i g h t  P e r s o n ✿

                ✿Part(25)✿

"မခြယ်ရောက်လာတာဆို သက်တန့်ကိုဘာတွေပြောသွားသေးလဲ "

သောက အရင်ရောက်လာပြီး အထိတ်တလန့်နဲ့မေးလာသည်။ သက်တန့် ဘာမှမဖြစ်သလိုပြုံးပြလိုက်ပြီး...

"သူက သက်တန့်စိတ်ကိုလာဆွနေရတာကို ကျေနပ်နေတာလေ အခုလည်း စိတ်လာဆွပေးသွားတာ "

သက်တန့်ကဘာမှမဖြစ်သလို ပြုံးပြီးပြောလာတာကြောင့် သောတို့စိတ်သက်သာရာရသွားသည်။

"ဟိုရောက်ရင် ဖုန်းတစ်ခါတည်းဆက်နော် သက်တန့် "

"အင်း "

ထို့နောက် သောက မျက်ရည်လေးဝဲတဲတဲနဲ့ နှုတ်ဆက်စကားပြောရှာသည်။ တစ်ကယ်ဆို သက်တန့် သူငယ်ချင်းနဲ့မခွဲချင်ပါ။ သို့ပေမဲ့ အဝေးမှာနေတာက သက်တန့်စိတ်ကို ပိုပြီးကုစားရာရောက်သည်။ ခဏကတောင် သုံးရောင်ခြယ်ရှေ့မှာ မနည်းတည်ငြိမ်အောင် စိတ်ကို ဖိအားပေးထားရတာ။

လေယာဉ်ပေါ်မတက်ခင်အထိ ကမ္ဘာက သေချာဂရုစိုက်ဖို့နဲ့ ကျန်းကျန်းမာမာနေဖို့သာပြောပြီး သောလိုပဲ ရောက်ရင်ဖုန်းဆက်ဖို့မှာသည်။

နောက်ဆုံး အရိပ်လေးက လေဆိပ်ထဲ တဖြည်းဖြည်းပျောက်ကွယ်သွားပြီးနောက် မကြာခင်မှာပဲ သက်တန့်ပါသွားတဲ့လေယာဉ်ပျံသန်းသွားတာကိုတွေ့လိုက်ရ၏။

✿✿✿✿~✿✿✿✿~✿✿✿✿~✿✿✿✿~✿✿✿✿

သက်တန့်ထွက်သွားပြီးနောက်တော့ သုံးရောင်ခြယ်က ‌တစ်နေ့နှစ်ခါလောက်ကို ကုမ္ပဏီကိုရောက်ချလာသည်။

ရောက်လာတိုင်းလည်း မယောင်မလည်နဲ့ ကမ္ဘာအခန်းထဲကို လာလည်တတ်သည်။

သုံးရောင်ခြယ်ဒီလိုလုပ်နေတာကို ဦးသက်မသိဘူးထင်နေတာလား‌။သိရင်တောင် သုံးရောင်ခြယ်က ဂရုစိုက်မှာမဟုတ်ပေ။

ဦးသက်က သုံးရောင်ခြယ်ကိုချစ်သည်။လိုက်လျောပေးသည်။ ဒါပေမဲ့ ထိုလိုက်လျောမှုတွေအောက်မှာ ပေးဆပ်မှုရှိတာကို သူမ မသိပါ။

"ဆရာကတော်သာ နေ့တိုင်း ကျွန်တော့်ဆီလာနေရင် ခင်ဗျားကို ဖောက်ပြန်နေတယ်လို့ထင်ကြတော့မယ် "

Right Person [Completed]Donde viven las historias. Descúbrelo ahora