_3

1.7K 230 8
                                    

z

ဘတ်ဟျွန်းလေး အသက်၆နှစ်ရောက်ပြီဖြစ်သည်။
ဒီနေ့က ဘတ်ဟျွန်းကို ချန်းယောလ်က မူကြိုလိုက်အပ်ပေးမည့်နေ့ပေ ဖြစ်ပေသည်။အသက်၅နှစ်လောက်ကတည်းက
မူကြိုထားဖို့ ချန်းယောလ်ရည်ရွယ်ထားခဲ့ပေမယ့် အသက်၆နှစ်မှသာ မူကြိုထားဖြစ်တော့သည်။

အနက်ရောင် suit၀တ်စုံအပြည့်နဲ့ ခန္ဓာကိုယ်တောင့်တောင့်တင်းတင်း ခန့်ညားတဲ့ အမျိုးသားဟာ အသက်၆နှစ်အရွယ် ချစ်စရာကောင်းတဲ့ ကလေးငယ်လုံးလုံးလေးကို လက်ဆွဲကာ မူကြိုကျောင်းထဲ ၀င်လာတော့ ဆရာမတွေအပြင် ကျောင်းအပ်နေသော အခြားမိဘတွေကပါ လှည့်ကြည့်ကြသည်။

ပတ်ဝန်းကျင်က လူတွေတောင် ချန်းယောလ်ကိုမျက်နှာသွင်ပြင်၏ ခန့်ညားချောမောမှုကို မလွန်ဆန်နိုင်ပေ။သို့ပေမယ့် ထိုအမျိုးသားဟာ ဦးထုပ်အ၀ါရောင်နှင့် လွယ်အိတ်အနီရောင်လေးကို လွယ်ထားတဲ့ ကလေးငယ်လေးကိုသာ ကောက်ချီရင်း မူကြိုခန်းထဲ ၀င်သွားသည်။

အသက်၃၄နှစ်အရွယ် ချန်းယောလ်က ဘတ်ဟျွန်းလွယ်အိတ်လေးအား ကူချွတ်ပေးရင်း တစ်ခါတည်း မှာထားခဲ့သည်။

"ဒယ်ဒီစိတ်ချမယ်နော် ဘတ်ဟျွန်း။စာကောင်းကောင်းလုပ်"

ဘတ်ဟျွန်းက ငိုမဲ့မဲ့လေးလုပ်ရင်း ချန်းယောလ်၏ ရှည်လျားသော ခြေသလုံးအား လက်နှစ်ဖက်နှင့် ဖက်တွယ်ကာ...

"ဘတ်ခွန်းလေး နေချင်ပုး ဒဲဒီ"

ဘတ်ဟျွန်းဟာ ငိုမဲ့မဲ့မျက်နှာထားလေးနှင့် တတ်နိုင်သလောက် မျက်နှာလေးငယ်ရင်း ဒီလိုလူပိစိလေးတွေနဲ့ မနေခဲ့ချင်ဘူး။ဒယ်ဒီနဲ့လည်း ဘတ်ဟျွန်းလေးမခွဲချင်ဘူး။

"ကောင်းကောင်းနေခဲ့ ဘတ်ဟျွန်း။ဒယ်ဒီမရိုက်ချင်ဘူး "

"အင့်ဟင့်"

"ပတ်ဘတ်ဟျွန်း!"

"ဟင့်"

ချန်းယောလ်၏ အနည်းငယ်မာကျောလာသော ခေါ်သံကြောင့် ဘတ်ဟျွန်း ချန်းယောလ်ခြေသလုံးတွေကို တင်းတင်းကျပ်ဖက်တွယ်ထားရာမှ လွှတ်လိုက်သည်။မျက်ရည်စလေးတွေဝေ့သီနေတဲ့ ဘတ်ဟျွန်းကို ဒယ်ဒီက မာမာထန်ထန်ပဲ ကြည့်နေသည်။

DARK STRAWBERRY [COMPLETED]Where stories live. Discover now