Z
ဘတ်ဟျွန်းရဲ့ကျောင်းတက်နေ့တွေဟာ ပုံမှန်ပြန်ဖြစ်နေသလို
လက်ညိုးထိုးပြောဆိုခံနေရတာတွေကလည်း နေ့တိုင်းအလိုလိုပဲပင်ဖြစ်နေခဲ့ပြီ။ဒါပေမယ့် ဟိုနေ့က ဘတ်ဟျွန်းလက်စကြောင့် နောက်ကွယ်ကနေသာ အတင်းစကားဆိုနိုင်ကြတော့သည်။ဘတ်ဟျွန်းကတော့ အေးအေးဆေးဆေး ကျောင်းတက်လိုက် ဘာတက်လိုက်နှင့်သာ ဖြတ်သန်းနေသည်။လုဟန်နဲ့သူ့ညီကတော့ တရုတ်ကိုပြန်သွားပြီဖြစ်ကာ ဘတ်ဟျွန်းတို့သတင်းတွေကလည်း အရမ်းကြီးရေပန်းမစားတော့ရင်တောင် လူတိုင်းရဲ့ ပါးစပ်ဖြားမှာတော့ ရှုံ့ချစရာ တစ်ခုအဖြစ်ရှိနေသေးသည်။အမှန်ပြောရရင် ဘတ်ဟျွန်းမွန်းကျပ်ပါရဲ့။သူကဘ၀ကို ဒယ်ဒီနဲ့အေးဆေးလေးဖြတ်သန်းရုံတင်။သို့ပေမယ့် အယူသီးလွန်းတဲ့ ဒီနိုင်ငံမှာ လိင်တူဆိုတာက တရားဝင်မဖြစ်သေးသလို လက်ခံနိုင်တဲ့သူတွေဟာလည်း တစ်ရာမှာတစ်ယောက်လောက်သာ။
ကျောင်းပြီးတော့ဖို့သိပ်မလိုတော့တာမို့ ဘတ်ဟျွန်းကကြိတ်သည်းခံနေရသည်။ဒယ်ဒီရဲ့ ဘိုးဘွားစဉ်ဆက်ထိန်းသိမ်းလာတဲ့ ပတ်ကုမဏ္ဍီက ပြိုလဲဆဲဆဲဖြစ်နေတာကြောင့် ဘတ်ဟျွန်းစိတ်တွေထွေပြားနေရပေမယ့် ဒယ်ဒီ့ပုံကတော့ အေးဆေးမို့ဘတ်ဟျွန်းအံသြရပြန်ပါသည်။
"ဘတ်ဟျွန်း!ကျောင်းအုပ်က ရုံးခန်းထဲခဏလာခဲ့တဲ့"
တစ်ယောက်တည်း လူတွေရဲ့ပါးစပ်ကနေ ကိုလွတ်ရုန်းချင်တဲ့ဘတ်ဟျွန်းအတွက်ကတော့ ကျောင်းခေါင်းမိုးထပ်ဟာ လွတ်လပ်ရာဖြစ်လာသည်။သစ်ရွက်ခြောက်တွေနဲ့ ရှုပ်ပွနေသည့်
ခေါင်မိုးထပ်မှာ ဘတ်ဟျွန်းတွေတွေလေးငိုင်နေတုန်း နောက်ကထွက်လာတဲ့အသံကြောင့် ဘတ်ဟျွန်းလှည့်ကြည့်တော့ သူ့ကိုပြောချင်သလိုမပြောချင်သလိုနဲ့ တာဝန်ဝတ္တရားတစ်ခုအရ စိတ်မပါသလို လာပြောပေးနေတဲ့ အတန်းခေါင်းဆောင်ကောင်တွေတွေ့ရသည်။
ဘတ်ဟျွန်းကတော့ လူတွေရဲ့ ဘရိမ်းက တော်တော်ကိုချောင်နေသည်ဟုထင်သည်။ဘတ်ဟျွန်းအကြောင်းကိုကြားပြီးမှာတင် အတန်းထဲက ယောကျာ်းလေးတစ်စုဟာ ဘတ်ဟျွန်းနဲ့ အပေါင်းအသင်း စကားပြောဖော်ပင်မလုပ်တော့။ရယ်စရာတစ်ခုအတိုင်း။ဘတ်ဟျွန်းက ဒယ်ဒီဖြစ်နေလို့ ဒယ်ဒီကို ချစ်နေယုံတင်။သူတို့ကိုများ လိုက်ကြိုက်နေအုန်းမယ်ထင်လားမသိဘူး။ကိုယ့်ကိုကိုယ် ယုံကြည်ချက်မြင့်မားနေကြပုံပဲ။
YOU ARE READING
DARK STRAWBERRY [COMPLETED]
RandomThe Dark Strawberry Means 2028 Love~ •age gap• :Zawgyi & Unicode: Own Story - Burmese It is the story of love between an adoptive father and son!! If you don't like this type, don't read it ‼️
![DARK STRAWBERRY [COMPLETED]](https://img.wattpad.com/cover/294940392-64-k869388.jpg)