_51

1.1K 156 5
                                    

z

ဘာလိုလိုနှင့်ပင် ဘတ်ဟျွန်းပြင်သစ်သို့ထွက်ရန်ရက်တွေက နီးကပ်လာပြီဖြစ်လေသည်။အထက်တန်းစာမေးပွဲပြီးကတည်းက ဘတ်ဟျွန်းအတွက် နေရာထိုင်ရေးရော ကျောင်းကိစ္စတွေနဲ့ပါ အလုပ်ရှုပ်နေတဲ့ဒယ်ဒီက တစ်ဖက်မှာလည်း သူဖြေရှင်းရမည့်လုပ်ငန်းကိစ္စတွေက ပုခုံးပေါ် ထပ်ပိနေသေးတာကို သတိပင်ရသေးလားပင်မသိ။ဘတ်ဟျွန်းအတွက်နဲ့ အတော်ကိုပင်ပန်းနေတဲ့ ဒယ်ဒီ့ကိုကြည့်ပြီး အားနာစိတ်နဲ့ရော ၀မ်းနည်းစိတ်ရောနဲ့ပဲ ဘတ်ဟျွန်းငိုချင်လာမိသည်။

လွန်ခဲ့တဲ့ရက် အထက်တန်းစာမေးပွဲပြီးသည့်နေ့ကတည်းကပင် အလုပ်ရှပ်နေခဲ့တာကြောင့် နေ့တစ်နေ့၏အချိန်တော်တော်များများမှာပင်ဘတ်ဟျွန်းနဲ့ဒယ်ဒီ ထိပ်တိုက်သေချာမတွေ့ခဲ့ကြရပေ။

မနက်ဖြန်ကျရင် ဘတ်ဟျွန်းပြင်သစ်ကို သွားတော့မှာမို့ ယနေ့က ခါတိုင်းထင်ထားတာထက်ပိုအလုပ်ရှုပ်နေကြသည်။
ဒယ်ဒီကိုလည်း မနက်ခင်းအစောပိုင်းကတည်းပင် မတွေ့ရတာ နေ့လည်စာ စားခ်ျိန်ပင်ရောက်နေပြီဖြစ်သည်။

အလွန်ကြီးမားသော laggage ကြီးကိုဖွင့်ထားလျက် အ၀တ်ပုံကြားမှာရှိနေတဲ့ ဘတ်ဟျွန်းကတော့ ခပ်ငေးငေးငိုင်ငိုင်ရယ်။ဤအမိမြေကို နောက်တစ်ဖန်ခြေချပြစ်ဖို့မသေချာတော့တဲ့အချိန်မှာဘတ်ဟျွန်းက မွေးရပ်မြေကို စွန့်ခွာပြစ်ဖို့တော့ သိပ်မရဲသေး။ငယ်စဉ်ကတည်းက နိုင်ငံရပ်ခြားခရီးစဉ်ဆိုတာ ဘတ်ဟျွန်းအတွက် နည်းပါးသည်။သွားခဲ့ရင်တောင် ဒယ်ဒီ့ကိစ္စအလုပ်တစ်ဖက်နဲ့ ကြားညှပ်လိုက်ပါသွားခဲ့တဲ့ဘတ်ဟျွန်းက အခြားနိုင်ငံသို့ရောက်ဖူးခဲ့ရင်တောင် အလုပ်ကိစ္စပြီးပြီးချင်း ချက်ချင်းထပြန်တတ်တာမို့ မလည်ပတ်ရတာက များသည်။

ဘတ်ဟျွန်းပို၍ စိုးရိမ်သည်က ထိုနိုင်ငံနှင့် ရင်းနှီးကျွမ်းဝင်မှုလည်းမရှိ အသိမိတ်ဆွေအပေါင်းအသင်းလည်းမရှိသည့် နိုင်ငံမှာ ဘတ်ဟျွန်းက ခဏတာဒယ်ဒီမပါဘဲ ကိုယ့်ခြေထောက်အပေါ်ကိုယ်ရပ်တည်နိုင်ပါ့မလား။ဒယ်ဒီကတော့ ဘာမှမစိုးရိမ်နဲ့လို့ပြောပေမယ့်ဘတ်ဟျွန်းရင်ထဲက အပူလုံးကတော့ မကျသေးပေ။သက်ပြင်းတွေ ဘယ်နှကြိမ်မှန်းမသိချမိနေသည့် ဒီနေ့အတွက်ကတော့ ခွဲခွာရတော့မည့် ဘတ်ဟျွန်းအတွက်က ပြဿနားနေ့လိုပင်ဖြစ်နေသည်။

DARK STRAWBERRY [COMPLETED]Where stories live. Discover now