_50

1.3K 176 25
                                    

Z

စာမေးပွဲခန်းထဲကနေထွက်လာတော့ အရာအားလုံးစိတ်ပေါ့ပါးသွားသလို ဘတ်ဟျွန်းက လေတွေကို အဆုတ်ထဲထိရောက်အောင် ရှုရှိုက်သွင်းလိုက်သည်။ဘတ်ဟျွန်းရဲ့ အထက်တန်းဆိုတာကြီးကပြီးသွားပြီမို့ တာဝန်တစ်ခုပြီးလျော့သွားသလို ခံစားရကာ စိတ်က ပေါ့ပါးနေသည်။ဘတ်ဟျွန်းက လက်ထဲက မေးခွန်းစာရွက်ကိုဆုတ်ဖြဲကာ လေပေါ်မြှောက်ပြစ်ပြီး ခုန်ပေါက်ကာ ကျောင်းရှေ့က ရပ်ထားတဲ့ ကားပေါ်ကိုသာ တက်တက်ကြွကြွတက်လိုက်သည်။လုဟန်ရော အင်ဝူးရောမရှိတော့သည့် ကျောင်းမှာ ဘတ်ဟျွန်းကို အပေါင်းအသင်းမလုပ်ချင်ကြတဲ့လူတွေကြားထဲ ဘတ်ဟျွန်းမှာ အချင်းချင်းနှုတ်ဆက်စရာသူငယ်ချင်းမရှိတော့သလို အရင်ကလို စာမေးပွဲပြီးရင် ဂိမ်းဆိုင်တန်းပြေးဖို့တောင် အဖော်ရော အချိန်ရောမရှိခဲ့တော့။

"ဒယ်ဒီ!!လာကြိုတယ်"

ဘတ်ဟျွန်းက ကားရဲ့ loverseat မှာဝင်ထိုင်ရင်း ဘေးခုံက စီယာတိုင်ကိုင်ရင်းစောင့်နေတဲ့ ချန်းယောလ်ကိုမြင်တော့လက်သွားတဲ့ မျက်လုံးအရောင်လေးတွေနဲ့ ပျော်ရွှင်နေတဲ့ အသံလေးကကျယ်ကျယ်လောင်လောင်။

"အင်း..စာမေးပွဲပြီးပြီဆိုတော့ အနားယူဖို့ဘယ်သွားချင်လဲ"

အမှန်ပြောရရင် ဒယ်ဒီနဲ့ဘတ်ဟျွန်းဆက်ဆံရေးက ဒီရက်ပိုင်းမှာပုံမှန်ထက် ရာခိုင်နှုန်းအနည်းငယ်မြင့်ပြီးအဆင်ပြေနေသည်။ဘတ်ဟျွန်းသိသည်။ဒယ်ဒီက ဘတ်ဟျွန်းကို သူ့စကားနားထောင်လို့ လိမ္မာတဲ့ကလေးအဖြစ် ဂရုစိုက်နေသည်ဆိုတာ။ဒယ်ဒီကြောင့်ဘတ်ဟျွန်းဆိုးသွမ်းသလို ဒယ်ဒီ့ကြောင့်ပဲ လိမ္မာနိုင်သည်။ဘတ်ဟျွန်းအရာရာဟာဒယ်ဒီ့ထံမှာ ဦးတည်နေလေ၏။

"ဟို...ငယ်ငယ်က ဒယ်ဒီနဲ့အတူနေခဲ့တဲ့ အိမ်လေးဆီသွားချင်တယ် ဒယ်ဒီ~"

ဘတ်ဟျွန်းက နှုတ်ခမ်းကိုဖိကိုက်ရင်း တောင်းဆိုတော့ စီယာတိုင်ပေါ်က လှုပ်ရှားနေသော ချန်းယောလ်လက်တွေက တစ်ခဏတော့ လှုပ်ရှားမှုကင်းမဲ့သွား၏။ဘတ်ဟျွန်းက ဒယ်ဒီစိတ်ဆိုးသွားသည်ဟုထင်ကာ တောင်းပန်ရန်ပြင်လိုက်ပေမယ့် မထင်မှတ်စွာကာ ဒယ်ဒီ ပြန်ဖြေလာသည်က

DARK STRAWBERRY [COMPLETED]Where stories live. Discover now