_24

1.3K 169 23
                                        

Z

*ဂြီ ဂြီ*

တစ္ဂြီဂြီေအာ္ကာ အသံစုံဟစ်နေသော ဗိုက်ကြောင့် ဘတ်ဟျွန်းအိပ်မရနိုင်ပါ။ညကြီးဖြစ်နေပေမယ့် ဆာလောင်လွန်းသော ဗိုက်ကြောင့် ဘတ်ဟျွန်းနိုးလာရသည်။
ဒီအချိန်စားရင် ဘာမှရှိမည်မဟုတ်တာကိုသိသည်။

သို့ပေမယ့် ဘတ်ဟျွန်း ဒီဆာလောင်မှုဒဏ်ကိုလုံးဝမခံနိုင်တော့ဘူး။ဖြစ်ချင်ရာဖြစ်..အနည်းငယ်ရှိတဲ့ ပိုက်ဆံတွေကို ကောက်ဆွဲရင်း ညကြီး ဘတ်ဟျွန်းမုန့်ထွက်စားဖို့ဖြစ်လာရသည်။

ညဆိုပေမယ့် အတော်ကြီး အချိန်မလင့်သေးပေ။ပြီးတော့ night outထွက်တဲ့သူများလည်းရှိသေးတာကြောင့် အများကြီးမဟုတ်ရင်တောင် အတော်အသင့်လောက်ကတော့ လူစီနေသည်။

နီးရာ ခေါက်ဆွဲအေးဆိုင်ထဲ ၀င်ထိုင်ရင်း ၂ပွဲလောက်မှာလိုက်သည်။ညအပြင်မထွက်ဖူးတဲ့ ဘတ်ဟျွန်းအဖို့ အထူးအဆန်းဖြစ်နေပေမယ့် ဒါကတစ်မျိုးလည်း ပျော်စရာကောင်းသည်။

ခေါက်ဆွဲအေး၂ပွဲကြောင့် ဗိုက်ဟာ တင်းတိမ်သွားသည်။ကျသလောက်ပိုက်ဆံရှင်းခဲ့တော့ လက်ထဲမှာ ၀မ်အနည်းငယ်ကသာ အပိုရှိတော့သည်။

စတော်ဘယ်ရီမစ်ရှိတ်တစ်ခွက်ဝယ်ရင်း လေးလံနေတဲ့ ဗိုက်နဲ့အတူ အစာကြေအောင် ဖြေးဖြးချင်းလမ်းလျှေုာက်လာခဲ့သည်။

ညလေအေးက ချမ်းစိမ့်စိမ့်နဲ့ မီးရောင်စုံအများအပြားထွန်းလင်းထားတဲ့ မြို့ကြီးကို အရသာခံကြည့်ရင်း ဘတ်ဟျွန် ခဏတာ နာကျင်နေရတာတွေ ပျောက်ကွယ်သွားသလို။

ဈေးဆိုင်တွေက စုံကာ ညဈေးလို့ပင်ပြောရလောက်သည်။
စတော်ဘယ်ရီမစ်ရှိတ်တစ်ဝက်ကျိုးသည်ထိ ဘတ်ဟျွန်းဆိုင်တွေကို ငေးရင်း လမ်းလျှောက်ကောင်းတုန်း..

"ဟာ..ဟိုကောင် မပြေးနဲ့ လိုက်စမ်း"

ခပ်ဝေးဝေးက ဆူပူညံတွေကြောင့် ဘတ်ဟျွန်းထိုဘက်ကိုအကြည့်ရောက်သွားသည်။လူ၁ယောက်နောက်ကို အုပ်စုလိုက်နောက်ကနေလိုက်နေပုံက သူခိုးလိုက်ဖမ်းနေပုံလို။

ရုတ်တရပ် ဘတ်ဟျွန်းဘက်ကိုဦးတည်ပြေးလာတာကြောင့် ကြောင်အစွာပင် ရပ်နေမိသည်။ဘတ်ဟျွန်းသူ့ဆီတည့်တည့်လာနေတဲ့ လူအုပ်ကြီးကြောင့် ကြောင်ကြည့်နေရာမှာပင်
သူ့လက်အား တစ်စုံတစ်ခုက ဆွဲသွားသည်ကို ခံစားလိုက်ရသည်။
အဲ့နောက် သူပြေးနေတာပဲ။

DARK STRAWBERRY [COMPLETED]Where stories live. Discover now