_FINAL

1.8K 185 57
                                    

Uni

"ဒီနှစ်ရောစိုက်ပျိူးသီးနှံ့က ပုံမှန်ပဲလား ဦးလေး"

ကုန်တင်ကားပေါ်တင်ထားတဲ့ စိုက်ပျိုးသီးနှံ့တွေရဲ့အရေအတွက်ကို တစ်ချက်လိုက်စစ်နေရင်းမှ ၀ယ်သူကောင်လေးဆီက အမေးစကားစလာသည်။

"အင်း...ဒီနှစ်က အဆင်ပြေတယ်။မနှစ်ကသာ ပိုးကျများတော့ အရောင်း၀ယ်မသွက်ဘူး"

"ဒီလိုပါပဲ ဦးလေးရယ်"

၀ယ်သူကောင်လေးက လက်ပိုက်ရင်း ပြောလာတော့ ချန်းယောလ်လည်း သံယောင်လိုက်မိသည်။

"အင်း...ဒါနဲ့...ဒီကနေ ဘယ်ပို့မှာလဲ ဘူချွန်းကိုပဲလား"

"မဟုတ်ဘူး ဦးလေး ဆိုးလ်ကိုသွားမှာ ဒီတစ်ခေါက်လမ်းစဥ်က ဆိုးလ်ပဲ။အိမ်က ဟာလေးတွေ မှာလိုက်တာလေးရှိလို့ အဲ့တာ ၀င်၀ယ်ပေးရအုန်းမယ် "

"ကလေးတွေလား"

၀ယ်သူကောင်လေးနဲ့က အလုပ်လုပ်တာ ကြာလှလေပြီမို့သူ့အကြောင်းကိုယ်သိမို့ မေးလိုက်ခြင်းပင်။

"ဟုတ်တယ် ဦးလေးရေ...အိမ်က သမီးလေ။ ဘာတဲ့ အခုနာမည်ကြီးနေတဲ့ အဆိုတော်လေ ဘယ်သူ...Hyun...ဆိုလား အဲ့တစ်ယောက်ရဲ့ သီချင်းခွေအသစ်ထွက်လို့တဲ့ မှာလိုက်တာ အဲ့တာ ၀ယ်ပေးရအုန်းမယ်"

ထိုစကား​ကြားတော့ ချန်းယောလ်က တစ်ချက်ငြိမ်ကျသွားသည်။ခဏအကြာမှာပဲ ပြန်ပြုံးလိုက်ရင်း...

"ဟုတ်ပါပြီ! ဒါဆိုအချိန်လင့်ကုန်လိမ့်မယ် ဆိုးလ်က ​ေ၀းတယ်မဟုတ်လား"

"ဟုတ်သား။ဒါဆို ဦးလေး ကျွန်တော်သွားတော့မယ်"

ချန်းယောလ်သတိပေးကာမှ လောလောနဲ့ ကုန်တင်ကားပေါ် တက်သွားတဲ့ ၀ယ်သူကောင်လေးကို ချန်းယောလ်နှုတ်ဆက်ရင်းစာရင်းစာအုပ်ကိုပိုက်ကာ အိမ်ကိုတန်းပြန်လာခဲ့သည်။

လွန်ခဲ့တဲ့ နှစ်တွေလောက်က ဆုံးဖြတ်ချတစ်ခုကို ခိုင်ခိုင်မာမာချပြီးကတည်းကပင် ပြင်သစ်နိုင်ငံကနေ ထွက်ခွာပြီး ကိုယ့်အမိမြေက
မထင်မရှားရှိလှတဲ့ ဆိတ်ငြိမ်အေးချမ်းတဲ့ ရွာလေးတစ်ရွာမှာ အခြေချခဲ့သည်။
မြို့ပြကြီးတွေနဲ့​​​ေ၀းပြီးနားအေးပါးအေးရှိလှတဲ့ ရွာလေးမှာ အိမ်လေးတစ်လုံး၀ယ်ပြီး
နဂို ၀ါဿနာအရ သီးပင်စားပင်လေးတွေ ပျိုးကာ အရောင်းအ၀ယ်လုပ်ခဲ့သည်။

DARK STRAWBERRY [COMPLETED]Where stories live. Discover now