_5

1.6K 202 25
                                        

z

"ဒဲ ဒီ~"

ဘတ်ဟျွန်းလေးငိုချင်နေပြီ။ဒဲဒီက ဘတ်ဟျွန်းကို ကျောင်းကနေ ပြန်ခေါ်လာကတည်းက စကားလည်းမပြောဘူး။ဘတ်ဟျွန်းကို ခါတိုင်းလို မွှေးမွှေးလည်းမပေးသေးဘူး။

ဘတ်ဟျွန်းဟာ သူ့အားဂရုမစိုက်ပဲ လုပ်စရာရှိတာတွေသာ ဆက်တိုက်လုပ်နေတဲ့ ချန်းယောလ်ကိုကြည့်ရင်း ငိုမဲ့မဲ့လေးဖြစ်လာခဲ့သည်။နွားနို့ပူပူတစ်ခွက်ကိုကိုင်ရင်း လက်တော့သုံးနေတဲ့ ချန်းယောလ်နား ဘတ်ဟျွန်းက ကုတ်ကုတ်လေးရောက်လာသည်။
ချန်းယောလ်က လှည့်လည်းမကြည့်သလို။ဒီလာဆိုပြီးတော့လည်း မခေါ်ဘူး။

"ဒဲဒီ~"

"ဟင့် ဒဲဒီလို့~~"

"အင့်ဟင့် အီးဟီးဗြဲ!!"

ဘတ်ဟျွန်း၏ အော်ငိုသံအား အလုပ်ထဲ အာရုံစူးစိုက်နေသော ချန်းယောလ်နားစည်ဝအား လာရိုက်ခတ်သည်။မျက်ရည်တွေက တစ်အိအိပြိုဆင်းကာ ထွက်လာပြီး ငိုသံဟာ စူးအော်ပြဲလန်နေသည်။

"ဗြဲ!! အင့်ဟင့် အီးဟီး"

"ပတ်ဘတ်ဟျွန်း!!"

မျက်ရည်အရွှဲသားနဲ့ ဘတ်ဟျွန်းဟာ ချန်းယောလ်၏ ပတ်ဘတ်ဟျွန်းဆိုသော မာထန်သော ခေါ်သံကျရောက်လာလေတော့ အငိုဟာ ပြောစရာမလိုခဲ့အောင် တိတ်သွားသည်။

"ဒဲဒီ~"

"ဒီလာ"

ဘတ်ဟျွန်း၏ မျက်တောင်မွှေးစလေးတွေပေါ်တွင် လောလောလတ်လတ်မျက်ရည်ကြည်စလေးတွေက ကပ်ညှိတွယ်နေပြီး 'ဒီလာ'ဆိုသော ချန်းယောလ်၏ အသံကြားသည်နှင့် မျက်ဝန်းများအရောင်လက်လာကာ ချက်ချင်းချန်းယောလ်ကိုယ်ပေါ်သို့ပြေးတက်သွားတော့သည်။

"ငိုစရာလား ဟမ်!"

"ဒဲဒီက အဟင့်"

"တော်တော့!"

"အင့်"

"ပတ်ဘတ်ဟျွန်းက အနိုင်တွေကျင့်နေတယ်ဆို!"

"အိ "

"ဖြေလေ"

ဘတ်ဟျွန်းဟာ နှုတ်ခမ်းလေးပိစိလေးထော်မိသွားသည်။ဒဲဒီက ဒီဟာကြီးကြောင့် စိတ်ဆိုးနေတာကိုးးးး။ဟွန့် အဲ့ဒါကြောင့် မို့ နေ့လယ်က ထိပ်ပြောင်ဂတုံးအဖိုးကြီးက ခေါ်ပြောတာကိုး။ဘတ်ဟျွန်းလေးလည်း မမှားပဲနဲ့။

DARK STRAWBERRY [COMPLETED]Where stories live. Discover now