_31

1.2K 173 8
                                    

Z

"ဒီနေ့ကျောင်းပိတ်ရက်တောင် မင်းတကောက်ကောက်လိုက်နေတော့တာပဲ!"

ဘတ်ဟျွန်းဘေးနားက ကော်လိုလိုက်ကပ်နေသော လိုအီ့အားကြည့်ကာ ငြီးငြူစွာပြောလိုက်သည်။အိမ်မှာမနေချင်တဲ့
ဘတ်ဟျွန်းခမျာ အပြင်ထွက်လာတာတောင် သူရှိသည့်နေရာတိုင်း အော်တိုတွေ့နေရသည့် လိုအီကြောင့် စိတ်အိုက်လာသည်။

"မင်းတစ်နေ့နေ့ ဘာလုပ်စရာမှမရှိဘူးလား လိုအီ?"

"ကိုယ့်အလုပ်က မင်းလေ!"

"စိတ်လေလိုက်တာကွာ!"

ဘတ်ဟျွန်းပလပ်ဖောင်းပေါ်မှာ ဆောင့်ထိုင်လိုက်ရင်း ဆံပင်တွေကိုဆွဲဖွကာ ပြောတော့ လိုအီက ချစ်ဖို့ကောင်းတဲ့ ကလေးငယ်လေးကို သဘောကျသလိုကြည့်နေတဲ့ မျက်နှာထားနှင့် နှုတ်ခမ်းတွေက ခပ်ပြုံးပြုံးရယ်။

"ဘေဘီ ပျင်းနေတယ်ဆို..ကိုယ်နေရာတစ်ခုလိုက်ပို့မယ်"

"ဘယ်လဲ!"

"ရောက်ရင်သိမှာပေါ့"

လိုအီစကားကြောင့် ဘတ်ဟျွန်းခပ်တွေးတွေးလေးဖြစ်သွားသည်။လျှိ့ဝှက်တတ်တဲ့ လိုအီက သူ့ကိုလိမ်ခေါ်ပြီး ရောင်းစားသွားမှာတော့ မဟုတ်ဘူးမို့လား။

ဘာနေနေ နောက်ဆုံးတော့ ဘတ်ဟျွန်း လိုအီခေါ်သွားရာနောက် လိုက်လာခဲ့ရတာပါပဲ။
လိုအီ့နေရာက နည်းနည်းတော့ ကြောက်စရာကောင်းနေသည်။ခြောက်ခြားဖွယ်ရာကောင်းလွန်းတဲ့အိမ်ကြီးရှေ့ ကားကိုထိုးရပ်လိုက်တော့ ဘတ်ဟျွန်း လိုအီ့အကျီစအား ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်မိသည်။

သရဲကြောက်တဲ့ ဘတ်ဟျွန်းနဲ့တော့ တွေ့ပြီပဲ။

"မင်းငါ့ကို သရဲအိမ်ခေါ်လာတာလား"

"ဟားဟား ပြောလိုက်မှဖြင့် ဘေဘီရာ..ကိုယ်အခုခေါ်လာတာ ဘေဘီလွတ်နေတဲ့ တစ်ကွက်ဆီလေ"

ပြောရင်း လိုအီက wink တစ်ချက်လုပ်ပြလာသည်။ဘတ်ဟျွန်း လိုအီ့ကိုမယုံချင်တော့ဘူး။အမြဲတမ်း လိုအီက ထူးထူးဆန်းဆန်းတွေ ပြောတတ်ပြီး အရာအားလုံးသိနေတတ်တယ်။

"ငါ...ငါကြောက်တယ်"

"မကြောက်ပါနဲ့...လာကိုယ့်လက်ကိုကိုင်ထား"

DARK STRAWBERRY [COMPLETED]Where stories live. Discover now