_28

1.2K 201 26
                                    

Z

"ဟေ့ဘေဘီ"

ဘတ်ဟျွန်းစိတ်ပျက်မိသည်။ဒီလူက ထပ်ပေါ်လာပြန်ပြီ။
နံနက်ခင်းမှာတင် မမြင်ချင်မှအဆုံး အမေဆိုသော အမျိုးသမီးကိုတွေ့လိုက်ရတာကြောင့် တိုလာတဲ့စိတ်တွေကြောင့် လိုက်ပို့မည့်ကားကိုပင်မစောင့် ခြေလျင်လျှောက်လာခဲ့တဲ့ဘတ်ဟျွန်းဟာ ဆိုင်ကယ်တစ်ကားကားနှင့် ကလေကချေလုပ်နေတဲ့ ဒီလူကို တန်းတွေ့ရတာ ဘတ်ဟျွန်းသိပ်ကံဆိုးနေပြီ။

"မင်းမှာ အခြားအလုပ်အကိုင်မရှိဘူးလား"

"မင်းကိုချစ်ရတာ ကိုယ့်အလုပ်လေ"

"ကျစ်!"

ဒီအီစီကလီတွေဟာဘတ်ဟျွန်းစိတ်အပျက်ဆုံးပဲ။ကျောင်းဝင်ဝလည်းရောက်နေပြီမို့အပြင်လူဝင်ခွင့်မရှိတဲ့ကျောင်းထဲကို ခပ်သုတ်သုတ်သာ ပြေးဝင်လာခဲ့သည်။ဆိုင်ကယ်ကြီးနဲ့ လိုက်ဝင်လာမလို့လုပ်နေလို့ ကောင်ကို ကျောင်းစောင့်က တားလိုက်တာကို တွေ့ပြီးမှစိတ်ချလက်ချ ကျောင်းထဲဝင်လာခဲ့သည်။

"ဒီနေ့စောတာပဲ"

"အနှောက်အယှက်တွေမရှိလို့ထင်တာပါပဲ"

အင်ဝူးက ခေါင်းတစ်ညိတ်ညိတ်လုပ်ရင်း ဘတ်ဟျွန်းဘေးခုံမှာဝင်ထိုင်သည်။ခါတိုင်းလို ခပ်ဆိုးဆိုးလေးမဟုတ်တဲ့ ဘတ်ဟျွန်းကို အင်ဝူးက နည်းနည်းအံသြနေပုံရသည်။ဒါက မနေ့ညက ဦးနဲ့ပြေလည်ခဲ့လို့ဆိုတာ ဘတ်ဟျွန်းကိုယ်တိုင်ပဲ သိပါလိမ့်မယ်..။

အမှန်ပြောရရင် ဘတ်ဟျွန်းအတွက် ဦးဆိုတဲ့ အခေါ်အဝေါ်က စိမ်းသက်နေပြီး သိပ်အဆင်မပြေဘူး။ဒယ်ဒီဆိုတဲ့
အခေါ်အဝေါ်ကိုသာ သူသဘောကျသည်။ဒယ်ဒီလို့ နှုတ်ဖျားကရွတ်လိုက်ရုံနဲ့တင် နွေးထွေးတဲ့ ခံစားချက်နဲ့ ရင်ခုန်သံလှိုင်းသိမ့်သိမ့်က ကြည်နူးလို့။
အရွဲ့တိုက်ချင်သော စိတ်ကလေးကြောင့်သာ ဦးလိုခေါ်နေရတာ။

"ဆရာလာပြီ"

စာအုပ်ပွေ့ပိုက်လို့ ၀င်လာတဲ့ အင်္ဂလိပ်ဆရာကို မြင်တော့အင်ဝူးက တံတောင်တွတ်လို့အချက်ပြသည်။ဘတ်ဟျွန်းချက်ချင်းကိုယ်ကိုမက်လိုက်သည်။
အင်္ဂလိပ်ဆရာက နောက်တန်းက ဘတ်ဟျွန်းနှင့်အင်ဝူးကို ခပ်စူးစူးစိုက်ကြည့်သွားတော့ နှစ်ယောက်သား ဂလုကနဲမြည်အောင် တံတွေးမြိုချမိလိုက်သည်။

DARK STRAWBERRY [COMPLETED]Where stories live. Discover now