_22

1.2K 190 49
                                    

Z

ညက ဘာမှမစားခဲ့ရတာကြောင့် တစ်ဂွီဂွီမြည်ကာ အသံစုံဟစ်နေသော ဗိုက်ကြောင့် ဘတ်ဟျွန်းနိုးထလာခဲ့ရလေပြီ။
မျက်လုံးတန်းဖွင့်လိုက်ခြင်းမှာပဲအမြင်အာရုံတွေေ၀၀ါးစွာ သူရှင်းလင်းနေသော မျက်နှာကျက်ကို မြင်လိုက်ရသည်။

ဦးနှောက်ကို စတင်အလုပ်ပေးလိုက်တော့ မနေ့ညက အဖြစ်အပျက်အား သတိရမိကာ မျက်နှာပေါ်က ဆေးလူးထားသော နေရာအချို့အား လက်ဖြင့်တို့တိကြည့်လိုက်သည်။

တစ်ကိုယ်စာပေါ်သော မှန်ရှေ့မှာ ထကာသွားရပ်ကြည့်တော့ ဖောင်းကားအစ်နေသော မျက်ခွံတွေက မနေ့ညက အတော်တန်ကြာ ငိုငဲ့သည်ကြောင့်ပင်။

မျက်နှာသစ်သန့်စင်ပြီး ကျောင်းသွားဖို့ရာ လွယ်အိတ်ဆွဲ အောက်ထပ်ဆင်းလာတော့ ရယ်ရယ်မောမော စကားပြောသံတွေဟာ လှေကားဝနားထိပင် ကျယ်လောင်စွာကြားရလေသည်။

သူတစ်ခါမှ မကြားရဘူးသော ဒယ်ဒီ့ရယ်သံတွေဟာ ရှင်းလင်းပြတ်သားစွာ ကြားနေရသည်။
ပေစောင်းစောင်းနဲ့ ရယ်မောပျော်ရွှင်နေကြတဲ့ ဧည့်ခန်းဘက်ကို ရပ်ကာစိုက်ကြည့်နေတော့ ၂ယောက်တည်း ပြူံးပျော်နေကြသော ဒယ်ဒီနှင့် အမေဆိုသော အမျိုးသမီးဟာ လှည့်ုကြည့်လာသည်။

"သားငယ်ကျောင်းသွားတော့မှာပဲ"

အမျိုးသမီးဟာ ပြန်ဖြေဆိုလာခြင်းမရှိတဲ့ ဘတ်ဟျွန်းကိုကြည့်ရင်း သူမလက်ကိုင်အိတ်ထဲကတစ်ခုကို ထုတ်ယူပေးလာသည်။

"သားဒယ်ဒီက မအားဘူးလေ အဲ့တာမို့ အမေကားသော့ပေးလိုက်မယ်။ဒီနေ့တော့ ကိုယ့်ဘာသာမောင်းသွားလိုက်တော့နော် ချန်းပြောတာကတော့ သားကားမောင်းတတ်နေပြီဆိုပဲ"

"ဘတ်ဟီမလုပ်.."

ဘတ်ဟျွန်းအစတုန်းက မယူပဲ ဒယ်ဒီအားလိုက်ပို့ရန် အပူကပ်ချင်ပေမယ့် ဒယ်ဒီ့၏ တားဆီးသံထွက်ပေါ်လာသည်ကြောင့် အရွဲ့တိုက်ချင်တဲ့ မကောင်းတဲ့ အတွေးစိတ်ကလေးက ၀င်လာတော့ ကားသော့ကိုဆွဲယူကာ ထွက်လာတော့သည်။

"အင်း..သွားပြီ!"

ဒယ်ဒီက ဘတ်ဟျွန်းကို ကားမောင်းသင်ပေးပြီးပြီမို့ ဘတ်ဟျွန်းမောင်းတတ်သလောက်တော့ မောင်းတတ်နေပါပြီ။
ဒယ်ဒီ့၏ တားဆီးသံက အသက်မပြည့်သေးလို့ မောင်းခွင့်မပေးတာသူသိပေမယ့် သူအသက်မပြည့်သေးမှန်း သိသည့်တိုင် အမေဆိုသော သူမက ကားမောင်းသွားဖို့ ချောချောချူချူပေးလိုက်တာကိုက..

DARK STRAWBERRY [COMPLETED]Where stories live. Discover now