Z
ပြန်လာသည့်လမ်းမှာ တိတ်ဆိတ်နေသည်။ဘတ်ဟျွန်းဟာ ပြတင်းပေါက်ဖက်မျက်နှာလှည့်ထားပြီး ချန်းယောလ်ကလည်း ကားကိုအာရုံစိုက်ကာ မောင်းနှင်နေသည်။ကားအတွင်း တစ်ယောက်အသက်ရှုသံတစ်ယောက်ကြားနေရပြီး ဘယ်သူမှမသိသည့် တစ်ဖက်တွင် ဘတ်ဟျွန်းရင်ထဲ ၀ုန်းဒိုင်းကြဲနေတော့သည်။
စီယာတိုင်ကို လက်တစ်ဖက်တည်းနဲ့ စတိုင်ကျကျမောင်းနေတဲ့ ဒယ်ဒီက အမျိုးသမိးထုကြီးအားလုံးရဲ့ ပစ်ကြွေချင်စရာ Typeလို...။
အစုံကျုံ့ထားတဲ့ မျက်မှောင်တွေအပါအ၀င် ဘေးတိုက်မြင်ရတဲ့ ဒယ်ဒီ့ရဲ့ခန့်ညားသော မျက်နှာဟာ ပြတင်းပေါက်မှန်ကနေ ခိုးကြည့်နေသည့် ဘတ်ဟျွန်းအား ရင်ခုန်စေသယောင်..
မျက်ဝန်းတွေက ကန်ရေပြင်လို ပကတိငြိမ်သက်နေပြီး နှုတ်ခမ်းအားတင်းတင်းစေ့ထားသည်။ကားပြတင်းပေါက်မှန်က ရောင်ပြန်ဟက်နေတဲ့ ပုံရိပ်ဟာ ဘတ်ဟျွန်း၏ ရင်ခုန်နှုန်းလေးဖြစ်၏။
ကားဟာ ခြံဝင်းထဲကို တစ်လှိမ့်လှိမ့်ဝင်သွားပြီးနောက် ကားဟာ အိမ်ရှေ့ စင်ဝင်အောက်မှာ ထိုးရပ်သွားသည်။စကားမစလာတဲ့ ဒယ်ဒီဟာ အရင်ဦးအောင် ကားပေါ်မှ ဆင်းသွားသည်။
ဒယ်ဒီ့အားစိတ်ဆိုးနေသော ဘတ်ဟျွန်းမှာလည်း စိတ်ထဲကနေ စကားစချင်သော်ငြား ခွင့်မပြု။အိမ်ထဲကို ၀င်သွားတဲ့ သွေးမတော်သားမစပ်သားအဖနှစ်ယောက်ကို အိမ်အကူတွေက တီးတိုးချောင်းကြည့်ကြသည်။
ဘတ်ဟျွန်း ကိုယ့်အခန်းထဲကို ၀င်ရင်း ကုတင်ပေါ်ကို လျော့တိရဲ လှဲချလိုက်သည်။မျက်ဝန်းဧရိယာက အဖြူရောင် မျက်နှာကျပ်မှာဖြစ်ပြီးတော့ အတွေးတွေကတော့ အစိုးမရစွာ။
ဘတ်ဟျွန်းကြောက်နေတယ်။
ဘာကိုကြောက်နေမှန်း သူကိုယ်တိုင်မသိတော့ဘူး။ရေပြင်လို တည်ငြိမ်နေတဲ့ မျက်ဝန်းတွေက မျက်နှာကျပ်မှာပဲ ဦးတည်နေလေသည်။မျက်စံတွေက ကလင့်ကယား ရွေ့လျားနေပြီး လေးလံလာတဲ့ မျက်ခွံတွေကြောင့် စပ်ဖျင်းဖျင်းဖြစ်နေတဲ့ မျက်ခမ်းစပ်တွေအပါအ၀င် မျက်လုံးကို မှိတ်ချလိုက်သည်။
YOU ARE READING
DARK STRAWBERRY [COMPLETED]
AcakThe Dark Strawberry Means 2028 Love~ •age gap• :Zawgyi & Unicode: Own Story - Burmese It is the story of love between an adoptive father and son!! If you don't like this type, don't read it ‼️