_48

1.1K 158 11
                                        

Z

"စာသေချာသင်ခဲ့ နောက်၂လလောက်နေရင် အတန်းပြီးတော့မှာပဲ"

ဘတ်ဟျွန်းကျောင်းသွားကာနီးမှာဒယ်ဒီရဲ့ အမှာချွေစကား။
ခါတိုင်းလို ပွက်ပွက်ညံပြောဆိုနေတတ်သည့်ကလေးက ယခုတော့ ချန်းယောလ်စကားနဲ့အတူ နှုတ်ဆိတ်လို့ ခေါင်းညိတ်ကာပြလာသည်က အထူးအဆန်းပေ။

ဒရိုက်ဘာဦးလေးကြီး ဖွင့်ပေးထားတဲ့ ကားထဲကို ၀င်ထိုင်ရင်းဘတ်ဟျွန်းက အတွေးထဲမှာ နှစ်မျောနေသည်။အတွေးများနေသည်ဆိုသည်ထက် ကျောင်းရောက်ရင် ကြားရမည့် အတင်းစကားတွေကိုသာကြိုတွေးရင်း ဘတ်ဟျွန်းက ခပ်ငိုင်ငိုင်။

တစ်လိမ့်လိမ့်နှင့်သွားနေတဲ့ ကားပေါ်မှာဘတ်ဟျွန်းက ပတ်ဝန်းကျင်ကိုတောင် အာရုံမစိုက်နိုင်သည့်အပြင် ကျောင်းရောက်တာကိုပင် ဒရိုက်ဘာ ဦးလေးကြီးပြောပြမှ သိတော့လေသည်။

"သခင်လေး ကျောင်းရောက်ပြီ"

"အာ...ဟုတ်ကဲ့ ဦးလေး"

"နေ့လည်ကို ကျောင်းဆင်းရင် ဦးလေးကိုပဲဆက်လိုက်ပါ!တစ်ယောက်တည်းပြန်မလာခဲ့ဖို့ သခင်ကြီးကမှာလိုက်တယ်"

"ဟုတ်ကဲ့"

ဒရိုက်ဘာဦးလေးကြီး ထွက်သွားပြီးသည်ဆိုရုံနှင့်ပင် ကျောင်းဝင်းထဲခြေချလိုက်တော့ ဘတ်ဟျွန်းအပေါ် ကျရောက်လာသည့် မျက်ဝန်းတွေနဲ့ တီးတိုးဆိုသံ။
နောက်မကျတော့သည့်ခေတ်ထဲမှာ လူတိုင်းမှာ ဖုန်းရှိလျှင် ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့်ဘတ်ဟျွန်းတို့အကြောင်းကို တစ်ကျောင်းလုံးသာ သိပြီးနှင့်လောက်ပေါ့။

အထက်တန်းမပြီးသေးတဲ့ဘတ်ဟျွန်းကတော့ ကျောင်းကိုကြိတ်မှိတ်တက်ရတော့မယ့်ပုံပါပဲ။အမှန်ပြောရရင်တော့ အရွယ်ရောက်ကာစ ဘတ်ဟျွန်းက လူတွေရဲ့ အပြောအဆိုတွေကို ကြောက်ပါရဲ့။ဒါပေမယ့် ဘတ်ဟျွန်းဒယ်ဒီနဲ့လက်ထပ်ခဲ့တဲ့ ကိစ္စအတွက်ကိုတော့ ဘတ်ဟျွန်းမှာ နောင်တမရဘူး။

ဘတ်ဟျွန်းက လူတွေရဲ့အပြောအဆိုတွေမရှိဘဲ ဝေဖန်သူတွေမရှိတဲ့ အေးချမ်းတဲ့နေရာလေးမှာ ဒယ်ဒီနဲ့အတူတူ အပူပင်မရှိ အိုမင်းသွားချင်တာ။
ဒါပေမယ့် ကံကြမ္မာကတော့ အဲ့လိုဖြစ်စေချင်ပုံမပေါ်ပါဘူး။

DARK STRAWBERRY [COMPLETED]Where stories live. Discover now