EXTRA_2(Unicode)

1K 72 3
                                    

U

ယနေ့မှာတော့ မိုးရွာနေတယ်။
အိမ်ပြတင်းပေါက်ကနေ မြင်ရတဲ့ မိုးစက်ဖွားဖွားတွေက ပြတင်းပေါက်မှန်ကို လာစင်နေပြီး တစ်အိမ်လုံးဟာ နာရီသံ တစ်ချက်ချက်နဲ့ တီဗွီကလာတဲ့ သီချင်းသံအချို့ကလွဲပြီးတိတ်ဆိတ်နေတယ်။တီဗွီကနေလာနေတဲ့ လူတစ်ယောက်ရဲ့ အသံချိုမြမြလေးတွေဟာ မိုးဓာတ်တွေနဲ့ မှိုင်းငြို့နေတဲ့ အိမ်ခန်းလေးအတွင်းကို စိုပြေနေစေတယ်။

စျေးကြီးပေးရတဲ့ မီးဆိုင်းကြီးက ပိတ်ထားခံရပြီး မီးအိမ်ငယ်လေးဆီက အလင်းမှုန်ပြပြလေးနဲ့ တီဗွီဖန်သားပြင်ပေါ်က လူတစ်ယောက်ဟာတော့ မြင်သလောက် တောက်ပချင်တိုင်းကို တောက်ပနေလေရဲ့။

*ချွက်*

သောက်လို့ကုန်သွားတဲ့ ဘီယာဗူးကို အခန်းထောင့်စွန်းနားကို ပစ်ထုတ်လိုက်တဲ့အသံကအခန်းထဲ ပဲ့တင်ထွက်လာတယ်။ယမကာဓာတ်နဲ့ ရီ​ေ၀မှိုင်းနေတဲ့ မျက်၀န်းတွေက တီဗွီဖန်သားပြင်ကို ထပ်ချပ်မခွာ လိုက်ကြည့်နေပြီး ဆေးလိပ်ဒဏ်ကြောင့်ညိုချင်နေတဲ့ နှုတ်ခမ်းတွေဟာဖြင့် ပြုံးရိပ်ယောင်သန်းနေတယ်။

ပြတင်းပေါက်မှန်ကို လာစင်တဲ့မိုးတွေနဲ့ တိမ်အိုပြိုသံ တစ်ဖွဲဖွဲတွေက အခန်းကမ္ဘာငယ်လေးထဲမှာ စီကားနေပြီး အခန်းထဲက ဆိုဖာခုံပေါ်ရော့တိရော့ရဲ ထိုင်နေတဲ့လူတစ်ယောက်ဟာဖြင့် လက်ထဲက ဖုန်းကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားတယ်။

ဒီဘက်ကခေါ်ဆိုနေတဲ့ဖုန်းဟာဖြင့် တစ်တီတီနဲ့အော်မြည်နေပြီး တစ်ဖက်က ကိုင်မှာကို စောင့်မျှော်နေတဲ့ လူဟာဖြင့် ယမကာတန်ခိုးနဲ့ မျက်လုံးတွေကမှေးစင်းလာတယ်။

အချိန်တစ်ခုကြာသည်ထိ ကိုင်မည့်သူမဲ့နေတဲ့ ဖုန်းလေးဟာ အ၀င်သာဖြစ်ပြီး တစ်ဖက်ကတော့ ပြန်ဖြေဖို့ မေ့နေလေရဲ့။

မိုးဖျောက်ဖျောက်ရွာသံတွေဟာဖြင့် အခန်းငယ်လေးထဲ စိုးမိုးနေပြီး မျက်လုံးတွေမှိတ်ကျလို့ အိပ်မောကျသွားတဲ့လူရဲ့လက်ထဲက ဖုန်းလေးဟာဖြင့် ယခုထိတိုင် တစ်တီတီနဲ့အော်မြည်နေတုန်း။

တစ်ဖက်က ကိုင်ဆိုလာခြင်းမရှိတဲ့ ဖုန်းcallလေးမှာ မှတ်ထားတဲ့ contact name လေးက....

DARK STRAWBERRY [COMPLETED]Where stories live. Discover now