Z
ကိုက်နေသည့်ခေါင်းကြောင့် အမြင်တွေကေ၀၀ါးစွာ။
မနေ့ညက သူသောက်ခဲ့တာ မပျင်းမပျော့ ပုံမှန် ကော့တေးဖြစ်နေသည့်တိုင် အခွက်ရေများသည်ကြောင့် ယခုပုံစံက အရက်နာကျနေသကဲ့သို့။ဘေးပတ်ဝန်းကျင်က သူရင်းနှီးသော အခန်းပတ်ဝန်းကျင်မဟုတ်ပေ။ေ၀၀ါးနေသော အမြင်အာရုံရှင်းလင်းသွားတော့ တစ်ဖက်ဆိုဖာပေါ်မှာ အိပ်နေသည့် အင်ဝူး။
မနေ့ညက သူမှောက်သွားတော့ အင်ဝူးက သူ့အိမ်ကို ခေါ်လာခဲ့ပုံ။ကျေးဇူးတင်စကားပြောဖို့ နှိုးလိုက်ပေမယ့် တုတ်တုတ်မှ မလှုပ်တဲ့ အင်ဝူးကြောင့် ဘတ်ဟျွန်း ကျေးဇူးတင်ကြေင်း စာရေးခဲ့ကာ လွယ်အိတ်အားဆွဲရင်း ထွက်လာခဲ့သည်။
နံနက်၇နာရီမို့ လူအနည်းစုကိုသာ တွေ့မြင်နေရသည်။
ကိုယ့်အားကိုယ်ကိုးကာ အိမ်ကိုတည့်တည့်မတ်မတ်ပြန်လာတဲ့ ဘတ်ဟျွန်းဟာ ခြံရှေ့အ၀မှာတင် အိမ်ထဲကဖြစ်ပျက်နေတဲ့အရာတွေကို သိနေရပြီဖြစ်သည်။"အခုချက်ချင်း နေရာစုံလိုက်ရှာကြစမ်း ဘတ်ဟျွန်းကိုမတွေ့မချင်းမင်းတို့ ပြန်မလာနဲ့"
ဘတ်ဟျွန်း တံခါးဝမှာတင် ချောင်းနားထောင်ကာ နှုတ်ခမ်းတစ်ဖက်တွန့်အောင်ပြုံးရင်း လာရာလမ်းအတိုင်း ခြံအရှေ့ကနေပြန်ထွက်သွားခဲ့လိုက်သည်။
သူ့ကိုမတွေ့ရင် ပြန်မလာနဲ့ဆို သူတို့ဘယ်တော့မှ ပြန်လာရမှာမဟုတ်ဘူး။
ဒယ်ဒီကိုယ်တိုင်လာမရှာသေးသ၍တော့ ဘတ်ဟျွန်းက ဂျောင်တစ်နေရာမှာ ပုန်းခိုနေအုန်းမှာ။
ထို့အတူ ဦးတည်ရာက...."ဟင်...ဘတ်ဟျွန်း ဘယ်ကပြန်လာတာလဲ"
ဂျောင်တစ်နေရာဟာ အင်ဝူးအိမ်သာဖြစ်သည်။ဒယ်ဒီက အင်ဝူးနဲ့ ပေါင်းတာမသိသေးပေ။ဘာလို့ဆို ဘတ်ဟျွန်းကိုမှ အခုတစ်လောအတွင်း ဂရုမှမစိုက်ခဲ့ပဲကို။
"ဒီတိုင်း"
"အော် ဒါနဲ့..."
"ငါတစ်လောအတွင်း မင်းအိမ်မှာ နေအုန်းမယ် အင်ဝူး"
"ဟင်...အမ် "
ဘတ်ဟျွန်းကတော့ သူ့အိမ်သူ့ယာလို ရေချိုးခန်းထင်ရတဲ့ အခန်းအတွင်းကို လျှိကနဲ ၀င်သွားသည်။ဒီတော့ အင်ဝူးပဲ အိမ်ရှင်ကြီးကို အိမ်ခေါ်ထားရုံပေါ့။
YOU ARE READING
DARK STRAWBERRY [COMPLETED]
SonstigesThe Dark Strawberry Means 2028 Love~ •age gap• :Zawgyi & Unicode: Own Story - Burmese It is the story of love between an adoptive father and son!! If you don't like this type, don't read it ‼️