_14

1.5K 187 10
                                    

z

"ကားလေးရသွားတော့ဒီကောင်ကမြောက်ကြွကြွနဲ့"

အင်ဝူးက မျက်နှာပိုးမသေနိုင်တဲ့ဘတ်ဟျွန်းကို မဲ့ရွဲ့ကာကြည့်ရင်း ဆိုသည်။ဘတ်ဟျွန်းက သူကားမောင်းခွင့် မရသေးသည့်တိုင် ကိုယ်ပိုင်ကားလေးရသွားခဲ့ပြီဆိုသော အသိစိတ်နဲ့တင် ပျော်နေလေသည်။

အသက်ပြည့်မှ မောင်းခွင့်ပေးမယ်ဆိုတဲ့ ဒယ်ဒီအဖို့ နောက်ထပ်၂လလောက်နေရင် ၁၈နှစ်ပြည့်တော့မည့်ဘတ်ဟျွန်းက အချိန်အနည်းငယ်လေးကို မစောင့်စားနိုင်တော့ပေ။

"ဟိုမှာအတန်းထဲက ဟယ်ဆောင်းမလား"

ဒါမျိုးကျ အင်ဝူးမျက်လုံးတို့ကမြင်သည်။လမ်းဘေးတစ်နေရာမှာ ကလေကချေ လုပ်နေကြတဲ့ ၃ယောက်သားက လမ်းမပေါ်က မြင်ကွင်းအစုံအား တည့်တည့်မြင်ရလေသည်။အင်ဝူးလက်ညိုးထိုးပြရာမှာ တစ်ဖက်လမ်းဘေးက အတန်းထဲက ကျောင်းသူ တစ်ယောက်ပင်ဖြစ်သည်။

စာတော်တဲ့ ကျောင်းသူမို့ ရံဖန်ရံခါ စာအမေးအပြောလေးရှိတာမို့ အနည်းငယ်တော့ မှတ်မိသလိုရှိသည်။

"ဦးလေးကြီးအရွယ်နဲ့နော် သူ့အဖေလားမသိဘူး"

လုဟန်က ခပ်ဝေးဝေးက အရိပ်၂ခုအား ကြည့်ရင်းတွေးဆဆပြောလာသည်။အင်ဝူးကတော့ နယ်ပယ်စုံသည်။ကျောင်းတွင်းကိစ္စတွေအားလုံး သူမသိတာ မရှိပေ။

"ဘယ်ကသာ...သူ့ရဲ့ရည်းစားဘဲကြီးထင်တယ်"

"ဟ..ဟုတ်လို့လား တော်တော်ကြီးနေပြီကို"

"မင်းကလည်း ဒီခေတ်မှာ sugar Daddyတွေမှ ပေါလို့
အသက်ကြီးကြီး ဦးလေးကြီးတွေတောင် ဒီလိုငယ်ငယ်ရွယ်ရွဟ်လေးတွေနဲ့ တွဲနေကြတာ "

အင်ဝူးစကားကို လုဟန်က ခေါင်းလေးဖြည်းဖြည်းငြိမ့်ကာ နားထောင်ရင်း ဘတ်ဟျွန်းကတော့ဒီလိုအသက်ကြီးကြီးလူတွေနဲ့ ဆယ်ကျော်သက်လေးတွေ ကြိုက်လို့ရရဲ့လားဆိုတာကိုပင် တွေးမိတော့သည်။

ဘတ်ဟျွန်းက ဘယ်နေရာနေနေသာ တတ်သိကျွမ်းတ ဒီလိုကိစ္စတွေမှာဆိုဘဲဥတောင် မကွဲဘူး။

"ဘာလဲ မင်းကြည့်ရင်း Sugar daddy ထားချင်နေပြီမို့လားဘတ်ဟျွန်း"

DARK STRAWBERRY [COMPLETED]Where stories live. Discover now