_1

3.1K 285 36
                                        

Z

"ပတ်ဘတ်ဟျွန်း ထမင်းလာစားတော့"

မိုးရေထဲ၌ ချန်းယောလ်လက်ထဲတွင်ရှိနေခဲ့သော နီတာရဲ ကလေးပေါက်စနလေးမှာ ယခုတွင်တော့ တုတ်ပြခြိမ်းခြောက်ရတဲ့ ၅နှစ်သားအရွယ် ပတ်ဘတ်ဟျွန်းလေးသို့ ရောက်လာခဲ့လေပြီ။

၃၃နှစ်အရွယ်ရှိပြီဖြစ်တဲ့ ချန်းယောလ်အတွက် ဤကလေးကို ထိန်းကျောင်းလာတာ ၅နှစ်ပြည့်ပြီဖြစ်သည်။၁လသားအရွယ် ကလေးကတည်းက အုပ်ထိန်းသူနေရာယူခဲ့တဲ့ ချန်းယောလ်ကို မသိတဲ့လူတွေက အဖေအရင်းဟုထင်မှတ်ကြသည်။

ချန်းယောလ်အသံကြားသည်နှင့် ထမင်းစားခန်းထဲ လှုပ်လဲ့လဲ့နဲ့ ပြေးဝင်လာတဲ့ ပတ်မျိုးရိုခံ ပတ်ဘတ်ဟျွန်း။
ဘယ်သူစီးပေးလိုက်မှန်းမသိတဲ့ ကြက်တောင်စီးက နာနတ်သီးလို ထောင်နေကာ တစ်ချက်လှုပ်တိုင်း ဆံသားအိအိတို့ကြောင့် ပျော့ဆင်းလို့။လေတိုက်ဒဏ်ကို ခံနေရတဲ့ အုန်းပင်လို ဟိုဘက်ယိမ်းလိုက် သည်ဘက်ယိမ်းလိုက်နှင့်ပင်။

"ဒဲဒီ..ချတော်ဘယ်ရီပါလား"

"စတော်ဘယ်ရီတွေစားတာများနေပြီ ထမင်းစားတော့"

ပတ်ဘတ်ဟျွန်းလေးဟာ စတော်ဘယ်ရှိမပါဘူးဆိုတဲ့အသံကြားတော့ ချက်ချင်းကိုပင် ဆူပုတ်သွားသည်။ပိစိလောက်သာရှိသော နီနီရဲရဲနှုတ်ခမ်းလေးက ရှေ့ကိုတစ်ထောင်လောက်ထော်ထွက်လာရင်း ထမင်းခူးပေးနေသော ချန်းယောလ်အား ဂျီတိုက်တော့သည်။

"နိုး နိုး။ဘတ်ခွန်းက ချတော်ဘယ်ရီပဲစားမှာ ထမင်းစားဝူး"

ခေါင်းတွင်တွင်ခါလျက် တစ်အိမ်လုံး ခေါင်မိုးကျွတ်လောက်ရအောင်ထိ အော်ပြောနေသော ဘတ်ဟျွန်းအား ချန်းယောလ်က မျက်လုံးတစ်ချက်လှန်ကြည့်သည်။

"ဒယ်ဒီပြောနေတယ် ထမင်းစား "

"အီးဟီး စားဝူး"

မျက်ရည်လုံးတွေတစ်အိအိကျဖို့ ဘတ်ဟျွန်းကညှစ်ထုတ်ရင်း ပါးစပ်ပိစိလေးကနေလည်း အကန်တွေပြောနေသည်။

"ပတ်ဘတ်ဟျွန်း!!"

"အု!"

ချန်းယောလ်၏ အော်လိုက်သော အသံကြောင့် ငြင်းဆန်နေသော ဘတ်ဟျွန်းမှာ ငြိမ်ကြသွားရင်း 'အု'ကနဲ အသံထွက်လာရသည်။ဘတ်ဟျွန်းသည် ညှစ်ထုတ်ထားသော မျက်ရည်ဥတွေ ပွတ်သုတ်လိုက်ရင်း အရှေ့က  ခူးထည့်ပြီးသား ထမင်းအား ပါးစပ်ထဲ ကောက်ထည့်တော့သည်။
ဘတ်ဟျွန်းသည် ဆိုးသွမ်းဂျီကျရသည်ကို ၀ါဿနာပါသော်လည်း ဒယ်ဒီရိုက်မှာကိုတော့ ကြောက်သည်။

DARK STRAWBERRY [COMPLETED]Where stories live. Discover now