Z
ဘတ်ဟျွန်းထွက်သွားသည်နှင့် ချန်းယောလ်ဟာ ဘာမှမပြောနိုင်တော့ပဲ စိတ်ပျက်သွားသလိုသာ ကျစ် စုတ်သတ်လိုက်မိသည်။
ကိုယ်တစ်သက်လုံးထိန်းကျောင်းလာခဲ့တဲ့ ကလေးငယ်က ဒီလိုအတွေးမျိုး သူ့အပေါ်ရှိနေမယ်လို့ လုံးဝမထင်ခဲ့မိဘူး။
အနည်းဆုံးတော့ ဒါက သံယောဇဉ်တွယ်တာကို အချစ်နဲ့ မှားနေတယ်လို့ပဲ သတ်မှတ်လိုက်ပါ့မယ်။တရားခံကတော့ သူထိန်းကျောင်းခဲ့တာ မလုံလောက်ခဲ့လို့ပဲလို့ချန်းယောလ်တွေးလိုက်သည်။
"ချန်း..."
"စိတ်မပူပါနဲ့ ဘတ်ဟီ အဆင်ပြေမှာပါ"
ချန်းယောလ်က ဘတ်ဟီ့လက်ကိုကိုင်၍ နှစ်သိမ့်လိုက်သည်။အလိုက်တသိ ဘတ်ဟီက ချန်းယောလ်ရင်ခွင်ထဲ တိုးဝင်လာကာ ရှိုက်ငိုတော့သည်။ဆယ်ကျော်သက်အရွယ်က ရင်ခုန်စရာ အမှတ်တရတွေကိုပင် ပြန်သတိရသွားစေသည်။
အမှန်ပြောရခဲ့ရင် ငယ်ဘ၀မှာ ချန်းယောလ်ရော ဘတ်ဟီက တစ်ယောက်ပေါ်တစ်ယောက် နှစ်သက်သဘောကျစိတ်တွေရှိပါလျက်နဲ့ မပြတ်သားခြင်းတွေကြောင့်သာ ဝေးခဲ့ရသည်။
ဘတ်ဟီ့မိဘတွေက မပြတ်မသားဖြစ်နေတဲ့ ဆက်ဆံရေးအပေါ် အနိုင်ယူပြီး ဘတ်ဟီ့အား အခြားတစ်ယောက်နှင့် ပေးစားခဲ့သည်။
သိုပေမယ့် ဘာအကြောင်းတွေကြောင့် မသိပေမယ့် ဘတ်ဟီနှင့်သူ ခွဲခွာပြီး ၁၀နှစ်လောက်အကြာမှာ ဘတ်ဟီက မွေးကင်းစကလေးငယ်လေးကိုပိုက်၍ ချန်းယောလ်ဆီအား ရောက်လာခဲ့သည်။
အကြောင်းကြောင်းတွေသူကိုယ်တိုင်ကလည်း ဘာမှမမေး ဘတ်ဟီကိုယ်တိုင်ကလည်း ဘာမှမပြောပဲ 'ကလေးကို စောင့်ရှောက်ပေးပါ' ဆိုသည့်စကားနဲ့တင် ထားသွားသည်။
နှစ်တွေအများကြီးကြာမှ ပြန်ဆုံတွေ့ကြပြန်တော့ ငယ်ဘ၀က အချစ်တွေမပျောက်သေးသော်ငြား ဘတ်ဟျွန်းရဲ့ သူ့အပေါ်မခွဲနိုင်တဲ့ သံယောဇဉ်တွေကြောင့်ပင် နှစ်ဦးသားဒီလိုစီစဉ်ခဲ့ကြခြင်း။
ဘတ်ဟီ့အမျိုးသားကတော့ လွန်ခဲ့တဲ့ ၁၀လောက်ကပင် ကင်ဆာနှင့် ဆုံးပါးသွားသည်ပြောသည်။အတိတ်က ကလေးကိုထားပြီး ထွက်ပြေးသွားခဲ့တဲ့ အကြောင်းကိုတော့ ဘတ်ဟီက မပြောပေ။

YOU ARE READING
DARK STRAWBERRY [COMPLETED]
AcakThe Dark Strawberry Means 2028 Love~ •age gap• :Zawgyi & Unicode: Own Story - Burmese It is the story of love between an adoptive father and son!! If you don't like this type, don't read it ‼️