_16

1.2K 187 23
                                        

z

တိတ်ဆိတ်ငြိမ်သက်သော အခန်းငယ်အတွင်း စိတ်လှုပ်ရှားစွာ လက်သည်းအား သွားဖြင့် တစ်တိတိကိုက်ဖြတ်သံအပြင်
အသက်ရှုသံခပ်ပြင်းပြင်းကပါ အခန်းအတွင်း စိုးမိုးနေသည်။
ခမ်းစီးလိုက်ကာချထားကာ မှောင်နေသောအခန်းငယ်အတွင်း
Laptop Screenထက်တွင် လှုပ်ရှားမှုအချို့၏ အလင်းရောင်ပြန်က စိတ်လှုပ်ရှားစွာ ကြည့်ရှုနေသော မျက်နှာနုနုထက်တွင် ဖြာကျနေသည်။

ထင်ရှားပြတ်သားစွာမြင်နေရသော Screenထက်မှ ပုံရိပ်တွေ။ယောကျာ်းနှစ်ဦး၏ အိပ်ယာထက်မှ သာယာမှုအား ရှာဖွေကာ ဆက်ဆံနေကြသော ပုံရိပ်။

ခြေဖျားလက်ဖျားတွေက အေးစက်နေကာ သွားတွေပင် တစ်ဆက်ဆက်တုန်ယင်နေသည်။Laptop screenထပ်က serach boxမှာ

'Can two boy love on each other?'

ဆိုသည့် ခေါင်းစဉ်နောက်မှာ ကျလာသော ပုံရိပ်တွေကြား လက်မငြိမ်ခဲ့သောဘတ်ဟျွန်းကြောင့် ယခုတွင် ဤပုံရိပ်အား ပေါ်လာသည်အခါ စိတ်လှုပ်ရှားစွာ ထိုင်ကြည့်နေခဲ့ရသည်အထိ ဖြစ်လာခဲ့ခြင်း။

ကွင်းကွင်းကွက်ကွက် ဖော်ပြထားသော ပုံရိပ်တွေကြား ချွေးစတို့ စို့ပြန်လာပြီး လက်ဖျားခြေဖျားတွေဟာ ရေခဲတုံးအလား အေးစက်နေခဲ့သည်။

*ဒေါက် ဒေါက်*

တံခါးခေါက်သံကြာင့် လန့်ကာ လက်ကပင် အော်တို laptopအား ဗုန်းကနဲ ပိတ်ပြီးသွားခဲ့ပြီ။သေချာပြန်ကြည့်မှ နှလုံးတွေဟာ ပေါက်ထွက်မတတ်ခုန်နေခဲ့သလို နှဖူးမှာလည်း ချွေးတွေပြန်နေသည်။

"ပတ်ဘတ်ဟျွန်း"

"ဗျ...ဗျ..ာ"

"ထွက်ခဲ့စမ်း"

"ဟု...ဟုတ်"

ဘတ်ဟျွန်းထရပ်လိုက်မှာပင် ဒူးတွေမှာ ယိုင်လဲ ခွေကျသွားတော့မည့်အလား။မြန်မြန်ပင် ပိတ်ထားတဲ့ လိုက်ကာတွေပြန်ဖွင့်ကာ တံခါးအား အပြေးသွားဖွင့်လိုက်သည်။

"ဟီး"

"အခန်းထဲ ဘာတွေလုပ်နေတာလဲ"

ချန်းယောလ်က တစ်ချက်ကြည့်ရင်း ဘတ်ဟျွန်းတစ်ကိုယ်လုံး ပြန်နေတဲ့ ချွေးစေတွေကို သတိထားမိသွားပုံ။
အမြန်ပဲ ဖြေရှင်းချက် ကို ဘတ်ဟျွန်းမလုံ့လဲစွာ ပေးမိသည်

DARK STRAWBERRY [COMPLETED]Where stories live. Discover now