EXTRA _1

1K 94 7
                                    

U

"ဒီနေ့ရောအိမ်တွင်းပဲအောင်းနေတော့မှာလား "

လက်ကျန် ကျန်နေသေးတဲ့ဘီယာတစ်၀က်ကိုမော့သောက်ရင်း လေလှိုင်းထဲကနေတစ်ဆင့် လှန်းဆူပူလာတဲ့ ဂျွန်ဆန်ရဲ့ ကျယ်လောင်လှတဲ့အသံကြောင့် နား နား ကပ်ထားတဲ့ ဖုန်းကို အနည်းငယ်ခွာလိုက်သည်။

"ho!! stop! ဂျွန်ဆန် ငါနားချင်ယုံတင်"

သူပြောတော့ တစ်ဖက်က ဂျွန်ဆန်ဆီက ဆဲရေးသံ ခပ်ပျစ်ပျစ်က စီတန်းလို့ ထွက်ပေါ်လာခဲ့သည်။

"မင်းအိမ်တွင်းအောင်းနေတာ ၄လရှိပြီ!လွန်ခဲ့တဲ့နှစ်တွေကမှ မင်းလူလုံးလေးမြင်ရသေးတယ်ဒီတစ်ခေါက်တော့လာခဲ့ပါလား!ဂျူနီယာလေးတွေကြိုဆိုပွဲလည်းရှိသေးတယ်"

"တော်ပါပြီ ဂျူနီယာကြိုဆိုပွဲက ငါမပါလည်း ပြီးတာပဲကို"

ပြောရမယ်ဆို နောက်ပိုင်း တော်ရုံတန်ရုံ အပြင်ထွက်ဖို့ မလုပ်ချင်တော့ဘူး။အသက်ကလေးနည်းနည်းကြီးလာတာနဲ့ အရင်ကလို အပျော်ပါးလိုက်စားဖို့ သူ့စိတ်က စိတ်အားမထက်သန်တော့ဘူး။

သို့ပေမယ့်....တစ်ဖက်က ဂျွန်ဆန်ဟာ လက်လျော့မယ့်ပုံမပေါ်။သူ့ကို ဒီညပွဲကို အပါခေါ်ရန် တစ်ထစ်ချ စီစဥ်ထားပုံ။

"ဟိုတစ်ခေါက်ပြိုင်ပွဲပြီးကတည်းက မင်းကို မတွေ့ရတော့တာပဲ!ဒီမှာ ဂျိမ်း တို့ ပီတာ တို့ လည်းရှိတယ်။လူလုံးလေးထွက်ပြပါအုန်းကွာ"

ဒီလိုပြောတော့ သူခေါင်းကုတ်ရချေပြီ။သွားရမှာ ပျင်းပေမယ့် ဒီတိုင်းဆို ဂျွန်ဆန့်ရဲ့ ပူညံညံ အသံတွေကြား သူနားမအေးရတာမို့ ခဏလောက်ပဲ သွားပေးလိုက်ရန်ပဲ စိတ်ကူးလိုက်သည်။

"အင်း! လာခဲ့မယ်"

"အိုခေ Bro ဒီလိုမှပေါ့!
ခါတိုင်း ကလပ်မှာပဲရှိမယ်"

"အင်း"

တီကနဲ ကျသွားတဲ့ ဖုန်းကို ကြည့်ပြီး သက်ပြင်းဖွဖွမှုတ်ထုတ်လိုက်မိသည်။အရှေ့က တစ်ကိုယ်စာပေါ်တဲ့မှန်မှာ အရင်လကမှ လောလောလတ်လတ် စိတ်ကူးပေါက်မိလို့ ဆိုးထားတဲ့ ငွေမှင်ရောင်ဆံပင်တွေကို တစ်ချက်သပ်လိုက်ကာ စျေးကြီးပေးရတဲ့ လယ်သာဂျက်ကတ်တစ်ထည်ကို ကောက်၀တ်ရင်း ကားသော့ဆွဲကာ ထွက်လာခဲ့သည်။

DARK STRAWBERRY [COMPLETED]Where stories live. Discover now