_55

1K 150 6
                                    

Z

ဘတ်ဟျွန်းရဲ့ Videoဟာ ကျောင်းတွင်းပါမက အပြင်ထိပေါက်ကြားသွားသည့်အခါဘတ်ဟျွန်းအပေါ် လူတွေရဲ့ အာရုံစိုက်ခံရမှုက တစ်ရိပ်ရိပ်ထိုးတက်လာသည်

စီးပွားရေးဋ္ဌာနပထမနှစ်ကဘတ်ဟျွန်းဟာ မိန်းကလေးတွေကြား ပို၍ပို၍ ရေပန်းစားလာသည်။ဘတ်ဟျွန်းတို့ ကလပ်မှာလေ့ကျင့်နေချိန်မှာဆိုရင် ဘတ်ဟျွန်းကိုတွေ့ဖို့ စောင့်ဆိုင်းနေကြတဲ့ လူအုပ်ကြီးဟာ ဂီတဆောင်ရှေ့မှာ ကြိတ်ကြိတ်တိုးလို့ပင်။
အရွယ်ရောက်လာတဲ့ ဘတ်ဟျွန်းဟာ အရင်ကထက် ပို၍ ကြည့်ကောင်းလာတာတော့အမှန်ပေ။အပြုံးချိုချိုနဲ့ အနေအေးတဲ့ အရှေ့တိုင်းသားလေးဘတ်ဟျွန်းဟာ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ နေရာယူနေလေသည်။

"ဒီနေ့ ငါပျော်နေသလိုပဲ"

"ဟုတ်လား!"

"အင်း...ဘာလို့လဲတော့မသိဘူး"

ဘတ်ဟျွန်းပြောရင်း တက်ကြွနေမိသည်။သာမန်နေ့လိုပေမယ့် သူ့ခြေလှမ်းတွေက အိမ်ပြန်ဖို့ ပိုတက်ကြွနေသယောင်။အကြောင်းအရင်းမဲ့စွာ ပြုံးနေမိတဲ့ နှုတ်ခမ်းပါးတွေက ပျော်ရွှင်စရာတစ်ခုကို ခံစားမိနေသလို။

"၀မ်းနည်းစရာပဲ!ငါနင့်ရဲ့အပျော်တွေကို ကူခံစားပေးချင်ပေမယ့် ငါ့မာမီက ငါ့ကို အဘွားအိမ်သွားဖို့ စောစောပြန်လာဖို့ မှာထားတယ်"

မျက်နှာငယ်လေးနဲ့ပြောလာသည့် အယ်လာပုခုံးကိုဘတ်ဟျွန်းဖွဖွလေးပုတ်ပေးလိုက်သည်။ခဏအကြာတော့ အယ်လာ့အိမ်က လာကြိုလာသည်။သူ့ကိုလက်ပြနှုတ်ဆက်ပြီး ထွက်သွားသည့်အယ်လာကို ကြည့်ပြီး ကိုယ်တိုင်လည်း အိမ်ပြန်ဖို့ပြင်လိုက်သည်။ ကားကို အပြင်ဆိုင်ပို့ထားသည်မို့ အိမ်ကိုလမ်းလျှောက်၍သာပြန်ရမည်ဖြစ်သည်။

အချိန်မလင့်စေရန် ခြေလှမ်းတွေကို စတင်ရင်း အိမ်ပြန်လမ်းကို ခရီးဆက်ခဲ့သည်။လမ်းမှာ ညနေစာအတွက် ဈေးကနေ ဟင်းချက်စရာတွေဝယ်ခဲ့သည်။ဘတ်ဟျွန်းက ဟင်းချက်လည်းသင်ထားသေးသည်။ဒယ်ဒီသူ့ဆီရောက်လာရင် ဘတ်ဟျွန်းကိုယ်တိုင်ချက်ထားတဲ့ လက်ရာလေးကို ကျွေးချင်သေးတာမို့။

DARK STRAWBERRY [COMPLETED]Where stories live. Discover now