_35

1.3K 169 41
                                    

Z

‼️ A Little 🚨‼️

ဘတ်ဟျွန်းရဲ့ အသက်၁၈နှစ်ပြည့်မွေးနေ့။
စီးပွားရေးဘုရင် ပတ်ချန်းယောလ်ရဲ့ သားလို့သိထားတဲ့
ပတ်ဘတ်ဟျွန်းရဲ့ ၁၈နှစ်ပြည့်မွေးနေ့မှာ ဘတ်ဟျွန်းစိတ်အလိုကျ ကြီးမားကျယ်ဝန်းတဲ့ ခြံဝန်းထဲ ပါတီအသေးစား
လေးကနေရာယူနေသည်။

ချန်းယောလ်နဲ့အလွန်ရင်းနှီးတဲ့ လုပ်ငန်းရှင်အချို့နဲ့ဘတ်ဟျွန်း
သူငယ်ချင်းအနည်းစုကသာ ပါတီပွဲအတွင်းရှိသည်။

"လိုအီ~"

"ဘေဘီ!"

"မင်းနောက်ကျတယ်"

အဖြူရောင် suitနဲ့ဘတ်ဟျွန်းက လိုအီ့မျက်လုံးထဲ အဖြူရောင်ကြွက်ကလေးနဲ့တူနေသည်။ဆံပင်ခပ်အုပ်အုပ်က နူးညံ့ပျော့ပျောင်းနေလို့ ခေါင်းလေးတစ်ခါတစ်ခါရမ်းရင် လေမှာလွင့်ကနဲ။လိုအီ့နှလုံးသားကလည်း ဆံသားညိုညိုလေးဝဲရာကေ်
ကောက်ကောက်ပါအောင် လိုက်တတ်စမြဲ။

"ဘေဘီ့အတွက် မွေးနေ့လက်ဆောင်ပြင်ပေးနေလို့ပါ"

လက်ဆောင်ဆိုတဲ့ အသံကြောင့် မျက်ဝန်းတွေလင်းလက်သွားတဲ့ဘတ်ဟျွန်းက လိုအီ့ကိုယ်ကို ကြည့်ကာ မျက်ဝန်းတွေဝေ့၀ဲရှာသည်။

"ပြီးမှကိုယ်ပေးမယ်"

ချက်ချင်းပင်ဆူပုတ်သွားတဲ့ ဘတ်ဟျွန်းမျက်နှာလေးကို သဘောတကျငေးနေမိသည်။ရောင်စုံမီးရောင်လေးတွေ ချိတ်ဆွဲထားတဲ့ အောက်မှာ အဖြူရောင်နဲ့ ဘတ်ဟျွန်းက လိုအီ့အတွက် 'You look so beautiful in white' ပဲ

အဲဒီ့အချိန်မှာ ၀င်လာတဲ့ အနှောက်အယှက်ကတော့!

"ပတ်ဘတ်ဟျွန်း!"

ကျစ်!ဒီဘိုးတော်ကတော့!
ဘတ်ဟျွန်းနှင့်ဆန့်ကျင်ဘက် အနက်ရောင်suitကိုဝတ်ထားတဲ့ ချန်းယောလ်ကတော့ နှာတံရိုးပေါ် ရော့ရော့ကျနေတတ်တဲ့မျက်မှန်ကိုပင့်မတင်းရင်း မှန်ဘောင်ခတ်ထားတဲ့
မျက်မှန်အောက်က မျက်ဝန်းတွေက ဟန်မဆောင်နိုင်စွာ ခက်ထန်နေသည်။

ခန့်ခန့်ညားညားချန်းယောလ်မျက်နှာမှာ တွန့်ချိုးနေအောင် ကျုံ့ထားတဲ့ မျက်မှောင်တွေကပါ ချန်းယောလ်ရဲ့ ခန့်ညားသောရုပ်ရည်အား ပိုပံပိုးပေးနေသယောင်။
သပ်လှန်ထားတဲ့ ဆံပင်တွေကြားထဲမှာ ဆံပင်ဖြူရေးရေးနဲ့
ချန်းယောလ်က ဘယ်ရူထောင့်ကကြည့်ကြည့် မျက်နှာမလွှဲနိုင်အောင် ခန့်ညားခြင်းမျိုး။

DARK STRAWBERRY [COMPLETED]Where stories live. Discover now