'' အစ်ကိုလေး..... ဆရာ အခေါ်လွှတ်လိုက်ပါတယ်..''
'' မလိုက်ဘူး.....''
ကမ္ဘာ ရင်ဘတ်တစ်ခြမ်းကို နဂါးပုံစံ Tattoo ထိုးနေရင်း သူ့အဖေရဲ့လူယုံတော် ဦးဝင်းဆွေကို ယတိပြတ် ပြတ်သားသည့်ပုံစံဖြင့် ငြင်းလိုက်၏။
'' မနက်ဖြန် မနက်လောက် UK ကနေ သခင်ကြီး ပြန်လာမှာမို့...ခုညတော့ အိမ်ရောက်အောင် ပြန်လာခဲ့ဖို့ ဆရာက မှာလိုက်ပါတယ်.. ''
ဆရာက သူ့သားမလိုက်မည်ကို ကြိုသိနေတာကြောင့် သူတို့နဲ့ ပြန်လိုက်မလာရင် ခုညတော့ စံအိမ်ဆီ အရောက်ပြန်လာဖို့ မှာလိုက်သည့်အကြောင်း အစ်ကိုလေးကို ပြောပြလိုက်၏။
အဖြေပေးသံမကြားသည်မို့...ဒါ ညကြ အကိုလေး ပြန်လာမည် ဆိုသော အဓိပ္ပါယ်ပင်။ ထို့ကြောင့် သူ bodyguard တွေအား ပြန်ဖို့ပြောလိုက်ပြီး Tattoo ဆိုင်ထဲကနေ ထွက်လာခဲ့၏ ။
Tattoo ထိုးစက်ရဲ့ အသံတွေသာ အခန်းထဲမှာကျန်ခဲ့ပြီး အရာအားလုံး တိတ်ဆိတ်နေသည်။ ကမ္ဘာ ခုညတော့ တော်ဝင် စံအိမ်ကြီးကို ပြန်ရမည်။ မိသားစုထဲ သူ့ကိုချစ်ပေးသော သူအချစ်ရဆုံးအဖိုး Uk ကနေ ပြန်လာမည်ဖြစ်သောကြောင့်ပင်။
မြို့တော်ဝန် ဦးထွန်းလင်း နဲ့ Royal group ရဲ့ CEO ဒေါ် စံမဒီလင်းတို့ရဲ့သား ကမ္ဘာထွန်းလင်း ဆိုတဲ့ ကျုပ်က သားသမီးထက် ငွေရှာဖို့သာအဓိကလို့သတ်မှတ်ထားတဲ့မိဘတွေဆီကနေ မွေးဖွားလာတဲ့သူတစ်ယောက်။
သူလိုချင်တဲ့ မေတ္တာတွေပေးတဲ့အဘိုးဦးစံလင်းနဲ့ အစ်ကို နေထွန်းလင်း ရှိနေလို့သာ ။ မဟုတ်ရင် မိသားစု မေတ္တာ၊ ဂရုစိုက်နွေးထွေးမှုဆ်ိုတာ ဘယ်လိုသတ္တဝါလဲ မေးယူရမှာ...အဟက်။
ကြွယ်ဝချမ်းသာမှု ဆိုတာ ကမ္ဘာဆိုတဲ့ ကျုပ်အတွက် ဂြိုလ်ဆိုး၊ ဒါကြောင့် သူတို့ရှာသမျှ ပိုက်ဆံတွေ ကျုပ်ကသေချာ ဖြုန်းပေးနေရတာ...အဟွန်း။
*******************
'' ဒေါ်လေး.... မနက်ဖြန် ကျောင်းအပ်လက်ခံမယ့်ရက်လို့ ကြားတယ်...''
'' လာပြီ....ငွေကုန်ပေါက်တွေ...စောက်တစ်ပြား မရှာနိုင်သေးတဲ့အပြင်.... အိတ်ထဲကပါ ငါ စိုက်ရအုံးမယ်...ရေစက်ဆိုးတွေပါအေ....''
ВЫ ЧИТАЕТЕ
ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင် (Completed)
Любовные романы📌 fic ပါ အကြောင်းအရာများသည် သာသာ့စိတ်ကူးကမ္ဘာလေးအား ဖန်တီးထားခြင်းသာ 📌 ဆယ်ကျော်သက် အချစ်တွေက မတည်မြဲနိုင်ဘူးတဲ့...အဲ့စကားပြောတဲ့ စောက်ပါးစပ်တွေ ပိတ်သွားတဲ့အထိ... ခင်ဗျားကို ချစ်ပြမယ် တခေတ်.... ကြယ်တခေတ် ဆိုတဲ့ လူသားဟာ ကမ္ဘာထွန်းလင်းဆိုတဲ့ ကျုပ်ရဲ...
