Part 14🖤

17.4K 961 39
                                    

'' ခင်ဗျား အပြင်တွေ ထွက်မနေနဲ့အုံး။ ပိုင်ပိုင်နဲ့ပဲ နေ ။ ကျုပ် ပွဲပြီးတာနဲ့ ပြန်လာခဲ့မယ် ''

ကမ္ဘာ့ရဲ့ ရှပ်အိင်္ကျီအနက်ရောင်ရှိ ကြယ်သီးတွေကို တပ်ပေးနေရင်း တခေတ် သက်ပြင်းချမိ၏။ အစ်ကိုကြီးနဲ့ဘုန်းခတို့ မင်္ဂလာပွဲကိုလဲ မနက်ကထဲက သွားပါဆိုတာ တခေတ်​နဲ့ ကျောင်းလိုက်တတ်လိုက်သေး၏။ ခုည dinner party သွားဖို​့ အဘိုးနဲ့အစ်က်ူကြီးတို့အတွဲက အတင်းခေါ်နေလိူ့သာ။ တခေတ်လဲ လိုက်လာခဲ့ဖို့ ခေါ်ကြပင်မဲ့ ကမ္ဘာက သူတောင် အဲ့နေရာ မဖြစ်မနေမို့ သွားရမှာ...အပေါ်ယံလူတွေကြားထဲ တခေတ်ကို ခေါ်မလာဘူးဟု ပြန်ပြောလိုက်ပြီးသား။တကယ်က တခေတ်က အားငယ်တတ်ပြီး မလိုက်ချင်ဘူး ဆိုတာ သိလို့ပင်။ တခေတ် ဖြေရကျပ်မှာစိုးလို့ သူကလူကြမ်းကြီး ဝင်လုပ်ပေးလိုက်ခြင်းသာ။

'' ညမအိပ်ဘူးလား။မနက်ကျမှ ပြန်လာခဲ့လေ ကမ္ဘာရဲ့။ ''

'' ပွဲပြီးတာနဲ့ ပြန်လာမှာ.... ခင်ဗျား စောင့်မနေနဲ့။အိပ်ရေးပျက်နေမယ်။ကျုပ်ဘာသာ သော့ယူသွားလိုက်မယ် ''

'' ဟိုကျရင် ရုပ်ကြီးကိုအရမ်းကြီး တည်မထားနဲ့။အစ်ကိုကြီးတို့ party နော်....အချေစတိုင်နဲ့ လောကကြီးကို အရွဲ့တိုက်တဲ့ပုံစံ လုပ်မနေနဲ့အုံး ''

'' မရဘူး....ကျုပ်က ခင်ဗျားအနားမှာပဲ အသက်ဝင်တာ ''

ဒီ ပြောမကောင်း ဆိုမကောင်း ကောင်ကတော့။ တခေတ် သင်လိုက်တိုင်း တခါမှ အင်းမရှိဘူး ။ပြန်ပြောလိုက်ရမှ....။ နောကိဆုံး တခေတ်သာ အလျှော့ပေးကာ အသံတိတ်လိုက်ပြီး မျက်စောင်းထိုးကာ ကြည့်ပလိုက်သည်။

'' ကြယ်သီးတပ်ပြီးပြီ....''

'' ထပ် ဝတ်ပေးလေ ''

မွေ့ယာပေါ်က Suit နီညိုရောင်အား ကမ္ဘာ မေးငေါ့ပြလိုက်တော့ နဂါးမျက်စောင်းဆို ပြာကျသွားနိုင်သော အကြည့်ဖြင့် ကမ္ဘာ့အား ကြည့်ကာ ဝတ်ပေးလာ၏။ အပေါ် ကုတ် ဝတ်ပေးပြီးတော့ ကမ္ဘာ ခါးက တပတ်အဖြူအား ဖြုတ်ချပစ်လိုက်သည်နှင့်

'' အားး..ကမ္ဘာထွန်းလင်း သောက်ချက်ကိုမရှိဘူး ''

'' ဟိတ်...မျက်လုံးပိတ်အော်မနေနဲ့။ boxer ပါတယ်လေ.. အဟွန်းး ၊ ဘောင်းဘီ ဝတ်ပေးတော့ ''

ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင်  (Completed) Where stories live. Discover now