San hospital ကလဲ သူ ( မ) အဖေရဲ့ ပိုင်ဆိုင်မှု တခု ဖြစ်သည်။ Royal group ကိုသာ အမွေအဖြစ်ပေးခဲ့သည့် အဖေဟာ ကျန်လုပ်ငန်းတွေအားလုံးကို မြေးငယ်နှစ်ယောက်ဆီ တိုက်ရိုက်ပေးမည့်ပုံ ။ မဒီတို့ လုပ်ငန်းတွေကလဲ အချိန်တန် သားနှစ်ယောက်ဆီ ရောက်မှာကို သားတို့အဘိုးဟာ သူ့မြေးတွေကို ချစ်ကိုချစ်လွန်းသည်။ ထိုအတွေးတွေ တွေးမိတော့ ဒေါ်စံမဒီလင်း မျက်နှာ၌ အပြုံးတပွင့် လှပစွာ တည်ရှိလေ၏။ တဖန် သားတို့အကြောင်း တွေးမိပြန်တော့ သူမ မျက်နှာမကောင်းတော့။
သားကြီးက ဟိုးအရင်ကလို မဟုတ်တော့ပဲ အိမ်ထောင်ကျပြီးသည့်အချိန်တွင် သူမတို့လင်မယားအား အနေစိမ်းကာ စကားသိပ်မပြောတော့။ Company ခွဲတခုရဲ့ CEO ရာထူးကို ပြန်မယူတော့ပဲ ငြင်းလိုက်သည့် သားကြီးကြောင့် သူမတို့လင်မယား ထိုနေ့က. အံ့သြသင့်ခဲ့ရသေးသည်။ ပြတ်သားမှုတွေမြင်နေရတဲ့ သားကြီး မျက်ဝန်းတွေက သူမကိုပူလောင်စေသည်။ အိမ်ထောင်ကျသွားပြီမို့ တခြားသူ့ကိုယ်ပိုင်အလုပ်ပဲ လုပ်ပါရစေတဲ့လေ။ ဘုန်းခတို့ဘက်က လက်ဖွဲ့တဲ့အိမ်ဆီ ပြောင်းသွားပြီးကထဲက သားငယ်ကိစ္စကြောင့်သာ အိမ်ကို ခနအလည်လာသည့် သားကြီး။
သားငယ်ကရော ခေါင်းမာချက်၊အစွဲလမ်းကြီးချက်က သူမထက်ပင် ပိုနေသေးသည်။ ခံစားချက်တွေ ပေါက်ကွဲနေရင်း ငိုနေတဲ့ သားငယ်၊ ဘာမှမစားပဲ အငတ်ခံနေတဲ့ပုံ၊ အာဟာရပျက်ပြီး ေမ့လဲသွားတဲ့ သားငယ် ပုံရိပ်တွေဟာ သူမရင်ကို ပူလောင်ဝမ်းနည်းစေ၏။
သူမ အမြဲတမ်းတွေးခဲ့မိတာ။ သားတွေ လိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးနိုင်ရင် အကောင်းဆုံးမိဘလို့ ထင်ခဲ့မိတာ။ ညက သားငယ် ဆေးရုံမှာ သတိရလာပင်မဲ့ တခြားသူတွေနဲ့သာ စကားပြောတယ် ၊သူမကိုတော့ မပြော။ သူတိုအဖေကတော့ နောင်တရလို့ဆိုပြီး မဲဆွယ်ကာလ ရှုံးရင်ရှုံးပါစေ၊ မဲဆွယ်ဖို့ထက် သားတွေကို ပိုအချိန်ပေးတော့မည်တဲ့။သူမလဲ နောက်ကောက်ကျ ကျန်ခဲ့လို့ မဖြစ်တော့ဘူး ။
ကြယ်တခေတ် ဆိုတဲ့ကောင်လေးအကြောင်းတွေးမိတော့ သူမကိုယ့်ဘာသာ အရှက်ရမိတယ်။သားငယ် အကြိုက်၊အကျင့်တွေကို သူမက ကောင်လေးလောက်တောင် မသိလိုက်တာ။ နောင်တဆိုတာ နောင်မှ ရသည်တဲ့။သူမလဲ သားတွေအတွတ် အချိန်ပိုပေးပြီး နွေးထွေးမှုတွေ တည်ဆောက်ရမည်။အဖေပြောသလို မင်းတို့ သားတွေအတွတ် အချိန်ပေးသည့်ချိန်ထက် လွန်နေပြီဆိုတဲ့ စကား။ ခုမှသာ ကောင်းေကာင်းကြီး သဘောပေါက်တော့တယ်။ သူမအပေါ် သားနှစ်ယောက်က ဘာမျှော်လင့်ချက်မှ မထားတော့သည့်ပုံက သူမကို ထိတ်လန့်စေတယ်။
ВЫ ЧИТАЕТЕ
ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင် (Completed)
Любовные романы📌 fic ပါ အကြောင်းအရာများသည် သာသာ့စိတ်ကူးကမ္ဘာလေးအား ဖန်တီးထားခြင်းသာ 📌 ဆယ်ကျော်သက် အချစ်တွေက မတည်မြဲနိုင်ဘူးတဲ့...အဲ့စကားပြောတဲ့ စောက်ပါးစပ်တွေ ပိတ်သွားတဲ့အထိ... ခင်ဗျားကို ချစ်ပြမယ် တခေတ်.... ကြယ်တခေတ် ဆိုတဲ့ လူသားဟာ ကမ္ဘာထွန်းလင်းဆိုတဲ့ ကျုပ်ရဲ...
