Part 20🖤

34.6K 1.3K 31
                                        

'' ဘုန်းခ......ကိုယ့်ဆီလာခဲ့ ''

စာလုပ်ချိန်ပိုတိုးလိုက်သည့်အတွတ် ဘုန်းခတယောက် ခုတလော ပင်ပန်းနေသည်ကြောင့် ကိုက်နေသော မျက်ရိုးတွေ အား သူ့လက်ချောင်းတွေနဲ့ နှိပ်နှယ်နေချိန်  ဆိုဖာပေါ်မှာထိုင်ကာ laptop နဲ့ အလုပ်လုပ်နေသော ကိုကိုက သူ့အားခေါ်သည်မို့ စာကြည့်စားပွဲမှ ထသွားလိုက်၏။

'' ဒီမှာ လှဲလိုက်.....''

ကိုကိုက သူ့ပေါင်တဖက်အား ပုတ်ပြကာ ဘုန်းခအား လှဲခိုင်းသည်မို့ ဘုန်းခ ပျော်ရွှင်စွာနဲ့ ဝင်လှဲလိုက်၏။ သူ့ကိုကိုနဲ့ ထိတွေ့ရတာ သူ့အားအမြဲရင်ခုန်ပျော်ရွှင်ရစေသည်။

သူ့ပေါင်ပေါ် ခေါင်းအုံးလာသော ကောင်လေးကိုကြည့်ပြီး နေထွန်းလင်း လေပူတချက် မှုတ်ထုတ်မိသည်။ စာတွေရနေတာကို လောဘကြီးစွာ ကျက်နေတာကြောင့် လူက ပင်ပန်းနေသည်။မျက်ကွင်းအနည်းငယ် ညိုကာ ညဘက် သူ့ရင်ခွင်ထဲရောက်တာနဲ့ တန်းမအိပ်ပဲ စကားတွေအများကြီး ပြောတတ်တဲ့ကောင်လေးက ခုနောက်ပိုင်း သူရင်ခွင်ထဲ ခေါင်းကပ်လိုက်သည်နှင့် အိပ်ပျော်သွားသည်က များသည်။ ကောင်လေးရဲ့မျက်ရိုးတွေ နဲ့ နားထင်လေးအား သူ့လက်နဲ့အသာနှိပ်နယ်ပေးတော့ သူ့အားမော့ကြည့်ကာ ပြုံးပြလာသည့် ကောင်လေး။

'' အောင်မှာ သေချာနေတာပဲ။ အချိန်ပြည့်နီးပါး စာတွေမကြည့်နဲ့လေ။ကျန်းမားရေး ထိခိုက်မယ် ''

'' ကျွန်တော်က ဆရာဝန်ဖြစ်ချင်တာ ကိုကို။အဲ့ကြောင့် ပိုကြိုးစားမှ ဖြစ်မှာ ''

'' ဆရာဝန် ဖြစ်ချင်တယ် ဆိုတာ အစကပြောတာ ကိုယ်မကြားရပါလား။ ဘာလို့လဲ ''

ဘုန်းခ ဘယ်လိုဖြေရမှန်းမသိ။ တကယ်က သူ့မှာ ဘာရည်မှန်းချက်မှ ရေရေရာရာမရှိခဲ့။ တနေ့က ကမ္ဘာနဲ့ဖုန်းပြောရင်း စကားစပ်မိရာကနေ ကိုကို့ဝါသနာက ဆရာဝန်ဖြစ်ချင်သည်တဲ့၊ ကိုကို့မိဘတွေကြောင့်သာ ဝါသနာကိုစွန့်ကာ စီးပွားရေး လုပ်ငန်းထဲ ဝင်ရောက်လုပ်ကိုင်ခဲ့သည်ဟု သူကြားရတော့ ကိုကိုမက်ခဲ့သည့် ဝါသနာအိမ်မက်လေးအား သူဖြည့်ဆည်းပေးချင်သည်။ထို့ကြောင့်သာ စာကိုအရင်ကထက် ပိုကြိုးစားနေခြင်းပင်။

ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင်  (Completed) Donde viven las historias. Descúbrelo ahora