ကျောင်းက ဒေါ်လေးအိမ်ကနေဆို မိနစ်နှစ်ဆယ်လောက် စက်ဘီးနင်းရသည်။ ခုနေ့ ကျောင်းအပ်ရက် ဆိုတော့ တခေတ် ပျော်ရွှင်စွာနဲ့ ကျောင်းအပ်ရန် စက်ဘီလေး နင်းလာခဲ့ရာ ကျောင်းနားမရောက်မီ နှစ်လမ်းကျော်အကွေ့ကနေ ရုတ်တရပ် ထွက်လာသော ဆိုင်ကယ်အမြင့်ကြီး ကြောင့် လန့််ပြီး လမ်းဘေးတဖက်ကို စက်ဘီးနဲ့အတူ လဲကျသွားတော့သည်။
ကမ္ဘာ အဘိုး ကျောင်းလိုက်အပ်ပေးပြီးလို့ သူ ကျောင်းတတ်စဥ် သီးသန့်နေမည့် တထပ်တိုက်ပုလေးက်ို သွားကြည့်ခိုင်းသည်မို့ လာကြည့်ပြီး ပြန်လာချိန်၌ သူ့ဆိုင်ကယ်မောင်းထွက်လာတာကို လန့်ပြီး လဲကျသွားသော စက်ဘီးနဲ့ ကလေးလေး ကြောင့်.... ကျစ်တချက် သပ်လိုက်ပြီး ဆိုင်ကယ်ပေါ်မှ ဆင်းလာခဲ့သည် ။
'' အ...''
'' ကလေးလေး....ဘာဖြစ်သွားသေးလဲ ''
သူ့အား ကလေးလေး ဆိုပြီး မေးလာသူကို တခေတ် မော့ကြည့်လိုက်တော့ လေးထောင့်ဆန်ချင်နေသည့် မေရိုးတွေနဲ့ နှာရိုးမြင့်မြင့် ထင်းထနေသည့် သူနဲ့ ရွယ်တူအရွယ်လောက် ရှိသည့်ကောင်လေးကို တွေ့လိုက်ရသည် ။ ပိရိသေသပ်တဲ့ နှုတ်ခမ်းပါးတို့တွင် အပေါ်နှုတ်ခမ်းအပေါ် ခွက်လေးက ချိုင့်ဝင့်နေပြီး ကကြီးပုံစံ ပုံဆောင်နေ၏။
ထားပါ....သူ့ကိုများ ကလေးလေးတဲ့။
'' ဘာမှ မဖြစ်ဘူး.... ငါ ကလေးလေး မဟုတ်ဘူး ''
လဲနေရာမှ မော့ကြည့်ရင်း ရန်စကားပြောလာတဲ့ သူအား ကမ္ဘာ သေချာကြည့်လိုက်တော့ လူကောင်က ညှက်သည်ဆိုတာထက် ပုနေသည်ကြောင့် သူ သေချာမကြည့်လိုက်တော့ ကလေးလေး ထင်သွားခြင်းသာ။
မျက်ဆံလေးက နက်မှောင်ကာ အသက်ဝင်လှုပ်ရှား လွန်းသည်ကြောင့် ဒီကောင်လေး မျက်လုံးအတော်လှသည်။ ကျန်တဲ့ မျက်နှာအစိတ်အပိုင်း တွေကတော့ ထင်းထွက်နေတာမျိုးမရှိပဲ နှုတ်ခမ်းသေးသေး၊ နှာခေါင်းလေးက စင်းစင်းသေးသေးလေးနဲ့ သာမာန်ကောင်လေးတယောက်။ခန္ဓာကိုယ်လေးကတော့ ခပ်ပြည့်ပြည့်လေးမို့ အရပ်ပုတာလေးက သိသာနေတာ။ ပုဆိုးလေးထဲ တီရှပ် အဝါလေး ထည့်ဝတ်ထားတာက မသိရင် ၇တန်းကျောင်းသား ပုဆိုးဝတ်ကျင့်နေသလိုလေး။
YOU ARE READING
ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင် (Completed)
Romance📌 fic ပါ အကြောင်းအရာများသည် သာသာ့စိတ်ကူးကမ္ဘာလေးအား ဖန်တီးထားခြင်းသာ 📌 ဆယ်ကျော်သက် အချစ်တွေက မတည်မြဲနိုင်ဘူးတဲ့...အဲ့စကားပြောတဲ့ စောက်ပါးစပ်တွေ ပိတ်သွားတဲ့အထိ... ခင်ဗျားကို ချစ်ပြမယ် တခေတ်.... ကြယ်တခေတ် ဆိုတဲ့ လူသားဟာ ကမ္ဘာထွန်းလင်းဆိုတဲ့ ကျုပ်ရဲ...
