Part 5🖤

42.6K 1.9K 58
                                        

'' ခင်ဗျား ကျုပ်ကို ကြယ်သီးလာတပ် ပေး ''

''. .........''

ကျောင်းပထမဆုံး တတ်ရမည့်နေ့မို့ စရိုက်ကောင် နဲ့သူ ကျောင်းသွားရန် ပြင်ဆင်နေခြင်းသာ။ တခေတ်က ကျောင်းအဖြူအစိမ်း လဲပြီးသွားလို့ မနက်စာ စားဖို့အတွတ် အဆင်သင့် ပြင်နေပြီ။ စရိုက်ကောင်တို့ကတော့ အိင်္ကျီကြယ်သီး တပ်ပေးဖို့က အစ အိပ်ခန်းထဲကနေ အော်နေတာ။ တခေတ် မသိချင်ယောင် ဆောင်ကာ ဘာမှပြန်မဖြေတော့။

'' ခင်ဗျားကို လုပ်တော့မှာနော် ''

'' မနက်မိုးမလင်းသေးဘူး ၊ ဘာတွေ ပြောနေတာတုန်း စရိုက်ကောင်ရဲ့ ''

သူ့အား ပြန်အော်ကာ အခန်းထဲ လာနေသော ဂျပုလေး။

'' အဟွန်း! ကျုပ်က ဘာမဟုတ်တာပြောနေလို့လဲ။ ခင်ဗျားမလာရင် နဖူးကို လာတောက်မယ် ပြောတာကို ''

တမင် ခနဲ့တဲတဲ့ တခေတ်ကို သူလုပ်ပြနေတာ။ တကယ်က မသိရင် ခက်မယ်နော် စရိုက်ကောင်။ ကြယ်သီးဟပြဲနဲ့ အခန်းထဲမှာ စောင့်နေသော သူ။ ရင်ဘတ်တခြမ်းမှာ ထိုးထားတဲ့ နဂါးမာန်စောင်နေပုံက တဝက်တပြတ် လျစ်ဟာ ထွက်နေသည်။ ငယ်ငယ်လေးက စရိုက်ကောင်က တတ်တူတွေ ထိုးထားတာ ။မနာဘူးလား မသိ။

'' ဘုန်း....အင့်...စရိုက်ကောင်နော် ''

'' အဟက်...ခင်ဗျားက ကျုပ်ရင်ဘတ်က တတ်တူးကို စိတ်ဝင်စား နေလို့၊ သူနဲ့ မိတ်ဆက်ပေးတာလေ အဟွန်း ''

သူ့ရင်ဘတ်ကြီးထဲ အားနဲ့ ဆွဲသွင်းလိုက်သော စရိုက်ကောင်ကြောင့် တခေတ်မှာ ဒေါသတွေ ထွက်လာရပြီး အင်္ကျီဟနေသော သူ့ရင်ဘတ်ကြီးအား ကိုက်ဆွဲပစ်သည်။ မှတ်ပြီလား.... စရိုက်ကောင် ၊ ဟွန့်.. ငါ့ကို စချင်အုံး ။

'' ကျစ်....ပါပီ သွားလေးနဲ ကိုက်မနေနဲ့။ တကယ် လုပ်ပစ်တော့မှာနော် ခင်ဗျားကို ''

ကမ္ဘာ့စကားသံဆုံးတော့ ကိုက်နေတာက်ု လွှတ်ပေးကာ မျက်စောင်းထိုးလာသော ဂျပုလေး။နဂါးသာဆို ကမ္ဘာထွန်းလင်းတို့ ပြာကျသွားပြီ ။ အဟက်။ သူ့ရင်ဘတ်အား တစ်ရှူးနဲ့ သုပ်ကာ ကြယ်သီးတတ်ပေးလာသော ဂျပုလေး။

'' ဒါ နေ့တိုင်း ခင်ဗျားလုပ်ပေးရမဲ့ အလုပ်နော် ''

'' လူကို အမြဲအနိုင်ကျင့်နေတဲ့ စရ်ုက်ကောင် ''

ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင်  (Completed) Dove le storie prendono vita. Scoprilo ora