နက်စိုကာပြောင်လက်နေသော ရူးဖိနပ်ကနေတဆင့် ရှည်လျားကာ ခန့်ညားနေသော အနက်ရောင် Suit ကို အချိုးကျစွာ ဝတ်ဆင်ထားသည့် Asia ထိပ်သီး လူငယ်စီးပွားရေးသမား အဖြစ် အသိအမှတ်ပြုခံထားရသော ငယ်ရွယ်ကာထက်မြတ်မှုအရှိန်အဝါအပြည့် ဖြစ်နေသော Lin group CEO ကမ္ဘာထွန်းလင်းအား အင်တာဗျူးနေသည်ကို Live တိုက်ရိုက်လွှင့်နေသော အစီအစဥ် ။
တခေတ်ဖျော်ပေးထားသော နို့ချောကလက်လေးကို သောက်နေရင်း သားကပါ တခေတ်နဲ့ အတူ သူ့ဖေဖေ အင်တာဗျူးကို ကြည့်နေကြခြင်း ဖြစ်သည်။ ဆိုင်ရဲ့ သီးသန့်နားနေခန်းထဲမှာမို့ မောင့်အင်တာဗျူးအစီအစဥ်မိတ်ဆက်နေသည့် အစ်မကြီးအသံကသာ သူတို့နားနေခန်းထဲ ပျံ့လွှင့်နေလျက်။ ပထမတန်းကျောင်းသား အားချစ်လေးက သူ့မျက်ဝန်းတောက်တောက်လေးတွေနဲ့ သူ့ဖေဖေဆီ အာရုံအပြည့်အဝစိုက်နေသည်။
'' အားလုံးပဲ မင်္ဂလာ နံနက်ခင်းလေးပါရှင်။ ခုမနက် ရွှေခေတ် မီဒီယာကနေ တင်ဆက်ပေးမဲ့ အစီအစဉ် လေးကတော့ မကြာခင်က Asia လူငယ်ထိပ်သီးစီးပွားရေး သမားအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ မြန်မာ့ဂုဏ်ဆောင် ကိုကမ္ဘာထွန်းလင်းနဲ့ အင်တာဗျူး မဲ့ အစီအစဉ် ဖြစ်ပါတယ်ရှင်။ပရိတ်သတ်ထုကြီး သိချင်နေလောက်မဲ့ မေးခွန်းတချို့မေးဖို့ တွေးထားပါတယ် ရှင်....အစ်ကို....မင်္ဂလာပါ ။ပရိတ်သတ်ကို မိတ်ဆက်ပေးပါအုံး ရှင့် ''
'' အားလုံးပဲ မင်္ဂလာပါ.....''
ကင်မရာရှိရာဘက် တချက်လှမ်းကြည့်ကာ နှုတ်ဆက်လာတဲ့ မောင်က နှစ်ဆယ့်လေးနှစ် ဆိုတဲ့အသက်အရွယ်ထက် ပိုတည်ငြိမ်ရင့်ကျက်နေပုံ ရသည်။ အရင်ကထက် ပိုထင်းလာတဲ့ လေးထောင့်ဆန်ဆန် မေးရိုး၊ ပိုထင်းလာတဲ့ နှာတံ၊ အလည်မှာအခွက်လေးပါတဲ့ တိရိသေသပ်တဲ့ နှုတ်ခမ်းပါးက ဓားတလက်ထက် ပိုထက်ရှနေသလို။ မပြုံးမရယ် တည်တံနေတာတောင် ဆွဲဆောင်မှူအားက အန္တာရယ် ရှိဇုံထဲ ရှိနေဆဲ။
'' အစ်ကို.... ဆုရတဲ့အတွတ် အတိုင်းမသိ ဝမ်းသာပါတယ် ရှင်။ ခုလို အောင်မြင်ကျော်ကြားအောင် ဘယ်လိုတွေ ကြိုးပမ်းခဲ့ရလဲ ၊အောင်မြင်ကျော်ကြားဖို့ ဘယ်အချက်တွေ လိုအပ်လဲ မျှဝေပေးပါအုံး... ''
ВЫ ЧИТАЕТЕ
ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင် (Completed)
Любовные романы📌 fic ပါ အကြောင်းအရာများသည် သာသာ့စိတ်ကူးကမ္ဘာလေးအား ဖန်တီးထားခြင်းသာ 📌 ဆယ်ကျော်သက် အချစ်တွေက မတည်မြဲနိုင်ဘူးတဲ့...အဲ့စကားပြောတဲ့ စောက်ပါးစပ်တွေ ပိတ်သွားတဲ့အထိ... ခင်ဗျားကို ချစ်ပြမယ် တခေတ်.... ကြယ်တခေတ် ဆိုတဲ့ လူသားဟာ ကမ္ဘာထွန်းလင်းဆိုတဲ့ ကျုပ်ရဲ...
