အေးဆေး ငြိမ်သက်နေသော ကော်ဖီဆိုင်တဆိုင်ရဲ့ VIP အခန်းထဲဝယ် မိန်းကလေး suit အဖြူကို ဝတ်ဆင်ထားကာ ဆံပင်အရှည်ကြီးအား ခပ်မြင့်မြင့် စီးထားသော ဧကရီမင်းမာန် နဲ့ မိုးပြာရောင် style pant ကို ရှပ်အဖြူလက်ရှည်နဲ့ တွဲဝတ်ထားသော ရှင်းသန့်တည်ကြည်နေသည့် နေင်ထွန်းလ်ငး.. တို့ မျက်နှာချင်းဆိုင် ဆိုဖာတွေတွင် ထိုင်ကာ စကားတခွန်းမဆိုပဲ မုန့်စားနေကြသည်။
စားပြီးမှ ဆှေးနှေးစရာရှိတာ ဆွေးနွေးမယ်ဟု ဆိုလာသော ဧကရီမင်းမာန်ရဲ့ စကားအား နေထွန်းလင်း ဘက်ကလဲ သဘောတူကြောင်း ပြလိုက်သည်။ ကတ်ပချီနို နဲ့ ကြက်သားဘာဂါအား အကြိုက်တူစွာ မှာမိသိမို့ သူ့ရှေ့က အမျိုးသမီးလေးနဲ့ သူ အကြိုက်တူတာ ရှိသည်ကို သတိပြုမိသည်။ နှစ်ယောက်သား စားသောက်ပြီးချိန်တွင်တော့
'' ကျွန်မကို ဧကရီ လို့ ခေါ်လို့ရပါတယ် ကိုနေထွန်းလင်း ''
'' ကျွန်တော့ကိုလဲ ကိုနေ လို့ ခေါ်လို့ရပါတယ် ဧကရီ ''
'' ကောင်းပါပြီ.... ကျွန်မတို့ စေ့စပ်ပွဲ က သဘက်ခါပေါ့ ။ ''
'' ဟုတ်တယ် ဧကရီ... ''
နှစ်ယောက် စလုံးက သံပတ်ပေးထားသလို ပြောဆိုပြီးချိန်တွင်တော့ နှစ်ဦးတွေ့ဆုံမှုက ပြီးဆုံးသွားခဲ့ပြီ။ မနက်စာ အတွက် ဘေကို နေထွန်းလင်း ရှင်းလိုက်ကာ နှစ်ယောက်လုံး အလုပ်တွေရှိရာ ဆန်ကျင်ဘက်အရပ်ဆီ ကားမောင်းထွက်ခဲ့ကြသည်။
************************
'' ကမ္ဘာထွန်းလင်း...အမှိုက်တွေကို အမှိုက်ခြင်းထဲ ထည့်ဖို့ ပြောနေရတာ ငါ အသက်ထွက်တော့မယ် ''
ပီကေ ဝါးကာ မသိချင်ယောင် ဆောင်ပြီး ဖုန်းကြည့်နေတဲ့ ကမ္ဘာထွန်းလင်းကို တခေတ် မျက်စောင်းထိုးကာ ပီကေအခွံတွေအား လိုက်သိမ်းပြီး ဧည့်ခန်း ထောင့်စွန်းနားက အမှိုက်ခြင်းအနီထဲ ထည့်လိုက်၏။ ပြီးနောက် ပြန်မပြော နားမထောင် ပုံစံနဲ့ ထိုင်နေသော ကမ္ဘာထွန်းလင်းအား အသဲယားကာ တခေတ် သူ့နား ပြေးသွားပြီး သူ့လက်တဖက်အား ဆွဲယူကာ လက်ကောက်ဝတ်အပေါ်ဘက်က အသားအား ကိုက်ဆွဲပစ်လိုက်၏။
ကမ္ဘာ သူ့လက်အား အပီဆွဲကာ ကိုက်နေသော ဂျပုလေးရဲ့ နဖူးအား တချက်တောက်လိုက်တော့ ကိုက်နေတာ ရပ်ပြီး အော်ငိုတော့၏။ ဆိုဖာ အောက်မှာ ထိုင်ကာ အော်ငိုနေသော ဂျပုလေးအား ဆွေ့ခနဲ ကောက်ပွေ့ပစ်လိုက်တော့ သူ့ပေါင်ပေါ် တစောင်းလေး ထိုင်လျက်သား ရောက်လာ၏။
![](https://img.wattpad.com/cover/305964765-288-k546816.jpg)
DU LIEST GERADE
ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင် (Completed)
Romantik📌 fic ပါ အကြောင်းအရာများသည် သာသာ့စိတ်ကူးကမ္ဘာလေးအား ဖန်တီးထားခြင်းသာ 📌 ဆယ်ကျော်သက် အချစ်တွေက မတည်မြဲနိုင်ဘူးတဲ့...အဲ့စကားပြောတဲ့ စောက်ပါးစပ်တွေ ပိတ်သွားတဲ့အထိ... ခင်ဗျားကို ချစ်ပြမယ် တခေတ်.... ကြယ်တခေတ် ဆိုတဲ့ လူသားဟာ ကမ္ဘာထွန်းလင်းဆိုတဲ့ ကျုပ်ရဲ...