Part 28🖤

19K 865 46
                                    

ပုဇွန်ဆီရောင် နေလုံးကြီးက ပင်လယ်ပြာပြာကြီးကို မေး တင်နေပြီး အလှပဆုံး ညနေဆည်းဆာကို ပေးစွမ်းလျှက်။ ပင်လယ်ပြာကြီးရဲ့ လှပသော ကမ်းစပ်တစ်နေရာမှာ ပင်လယ်လေ ကျီစားမှုနဲ့အတူ အဖြူရောင် ခန်းဆီးစလေးတွေက တလွင့်လွင့်။ ပြည့်ဝိုင်းပြီး ဖူးကြွနေတဲ့ နှင်းဆီဖြူတွေနဲ့ အလှဆင်ထားတဲ့ ကမ်းခြေ မင်္ဂလာပွဲလေးက ဖြူစင်သော ချစ်ခြင်းတွေရဲ့ သရုပ်ကို ထင်ဟပ်နေပြီး အဖြူရောင် သုခဘုံလေးတခုကို ဖြစ်ပေါ်စေသည်။

'' အချစ်....မောင်တို့ အနာဂတ်ခရီးကို လျှောက်ကြမယ် ''

လက်ချိတ်ရန် ကွေးပေးလာသော မောင့်လက်က်ို ချိတ်လျက် သူတို့အရှေ့ရှိ အနီရောင် လျှောက်လမ်းလေး တနည်းအားဖြင့်  သူတို့တဘဝလုံး မခွဲအတူရှိသွားဖို့ ထုံးနှောင်ဖွဲ့တော့မည့် အချစ်ခရီးလမ်း။

''  သွားကြမယ် မောင်.... ''

အဖြူရောင် အနောက်တိုင်း suit လေးကို ဆင်တူဝတ်ဆင်ထားတဲ့ ကောင်လေးနှစ်ယောက် တူယှဥ်တွဲကာ လျှောက်လမ်းလာနေသည်က ပွဲလာဧည့်သည့်တွေအတွတ် လိုက်ဖက်လွန်းစွာကြည့်ကောင်းနေသည်။ ​ပင်လယ်ပြင်ကနေ တိုက်ခိုက်လာတဲ့ လေနုအေးတွေက သူတို့နှစ်ဦးရဲ့ အချစ်အတွတ် ကောင်းချီးပေးနေသလို။

လှပတဲ့ ပင်လယ်ပြာကြီးနဲ့ ညနေခင်းဆည်းဆာကို နောက်ခံထားကာ သူတို့အချစ်တွေကို သက်သေထူခဲ့တယ်။ ရင်းနှီးတဲ့ လူအနည်းငယ်နဲ့ ကျင်းပခဲ့တဲ့ သူတိူ့ မင်္ဂလာပွဲလေဟာ အေးချမ်းစွာ လှပနေခဲ့တယ်။ အနောက်တိုင်း ဂန္တဝင် တေးသွား တမျိုးက သူတို့နှစ်ယောက် အချစ်တွေကို လူအမျိုးမျိုးက မျိုးစုံ ပုံဖော်ပြီး ကြည်နူးဖို့ အတွတ် ကူညီပေးနေခဲ့တယ်။

ငြိမ့်ညောင်းနေတဲ့ သံစဥ်တွေကြား အချစ်ရဲ့ လက်လေးကို ကမ္ဘာရဲ့ ချစ်ခြင်းသ​ေ င်္ကတ တခု ဖြစ်တဲ့ ပလက်တီနမ် လက်စွပ်လေးကို ဝတ်ဆင်ပေးခဲ့တယ်။အချစ်ကလဲ သူ့လက်ချောင်းလေးထက် ချစ်ခြင်းအမှတ်သညာ လက်စွပ်လေး ပြန်ဝတ်ပေးခဲ့တယ်။ ကဲ့ရဲ့ရှုတ်ချမှု ကင်းတဲ့ ကောင်းချီးမင်္ဂလာတွေ ပြည့်နှက်နေတဲ့ မင်္ဂလာပွဲလေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်ပေါ့။

ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင်  (Completed) Donde viven las historias. Descúbrelo ahora