Part 21🖤

32K 1.2K 20
                                        

''  ကမ္ဘာ ငါ ဘာဝတ်ရမလဲ.... ''

သူ့အား မျှော်လင့်တကြီး မေးလာသူ အချစ်ကြောင့် Hoodie အနက်ရောင် ဝမ်းဆက်နဲ့ တီရှပ်အဖြူတထည် ထုတ်ပေးလိုက်သည်။

'' အနွေးထည်ကို ဇစ်အပြည့်တပ်လိုက်၊ ဟိုရောက်မှ ချွတ်ချင်ချွတ် ၊ဆိုင်ကယ်ပေါ်မှာ အေးနေမယ် ''

တခေတ်လဲ ကမ္ဘာ့စကားကို နားထောင်လိုက်ပြီး တီရှပ်အဖြူလေးပေါ် Hoodie အနက်လေး ထပ်ဝတ်လိုက်ကာ ဘောင်းဘီအနက်အပွလေးနဲ့ တွဲဝတ်လိုက်သည်။ ကမ္ဘာကတော့ ဂျင်းအကျပ်အပြာနုနဲ့ အနက်ရောင်ဆွယ်တာအပျော့လက်ရှည် တထည်ကို တွဲဝတ်ထားသည်။

အဘိုးက မိသားစု စုံညီ လက်စုံစားဖို့ ခေါ်သဖြင့် ခုည ညစာကို ကမ္ဘာ့မိဘအိမ်မှာ သွားစားမှာ ဖြစ်သည်။ ကမ္ဘာဆေးရုံ တတ်ခင်တုန်းကလဲ တခေတ် သူ့အနားမှာပဲ ရှိနေပေးသည်မို့ သူ့မိဘအိမ် တခါမှ မရောက်ဖူးသေး။ခုမှ ပထမဆုံးအကြိမ် သွားမှာမို့ တခေတ်ရင်တွေခုန်နေသည်။အဝတ်အစားကအစ ဘာဝတ်ရမှန်းမသိလို့ ကမ္ဘာ့ကိုတောင် ရွေးခိုင်းနေရသည်။

နှစ်ယောက်လုံး အဝတ်လဲပြီးတော့ အခန်းပြင်ထွက်လာခဲ့သည်။

'' ပိုင်ပိုင်....မင်းတယောက်ထဲ နေရဲတယ်မလား၊ ငါတို့ မနက်မှ ပြန်လာမှာ ''

နေ့လည်က ပြောထားပင်မဲ့ တခေတ် ပိုင်ပိုင့်အား ထပ်ပြောလိုက်သည်။ ညနေကျူရှင်ချိန် ရှိသည်မို့ ပိုင်ပိုင် ခုည ဒီမှာ အိပ်မည်သာ။

'' ဖြစ်ပါတယ် ကွ၊ ကမ္ဘာ လမ်းကို ဂရုစိုက် မောင်း ''

'' အင်း....''

ဆိုင်ကယ်အနီလေးက လမ်းမကြီးထက် အရှိန်နဲ့ တရိပ်ရိပ်ပြေးလျက်ရှိသည်။ အရပ်ရှည်ရှည်နဲ့ ချောမောခန့်ညားသည့် လူငယ်လေးက ဆိုင်ကယ်မောင်းကာ သူ့နေုာက်တွင်တော့ Hoodie အမဲလေးထဲ မြုပ်နေသော ကောင်လေးရှိလေသည်။

ထိုးရပ်သွားသော ဆိုင်ကယ်လေးကြောင့် ကမ္ဘာ့ကျောပြင်အား မှီကာ မျက်လုံးမှိတ်လ်ုက်လာသော တခေတ်တယောက် မျက်လုံးဖွင့်ကာ ပတ်ဝန်းကျင် ကို အကဲခတ်လိုက်၏။

ရှေ့တွင် တော်ဝင်စံအိမ်ဟု ရေးသားထားသည်ကို ခမ်းနားစွာ တွေ့မြင်ရပြီး နန်းဆန်ပြီး ကျက်သရေရှိလှသည့် အိမ်အမြင့်ကြီးကိုလဲ မြင်တွေ့နေရသည်။ သူတို့ ဆိုင်ကယ်ရပ်လိုက်သည်နှင့် ဝန်ထမ်းတယောက်က တံခါးအပြေးလာဖွင့်ပေးကာ သူတို့ဆိုင်ကယ်လေး စံအိမ်ကြီးရှေ့ထိ ဆက်မောင်းသွားခဲ့သည်။

ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင်  (Completed) Donde viven las historias. Descúbrelo ahora