အစ်ကိုတို့အတွဲနဲ့ အဘိုးက သူပြန်မည်အား ခနထပ်နေပါအုံး ပြောလာသဖြင့် ကမ္ဘာ အိမ်ပြန်ရောက်တော့ ညဆယ်နာရီကျော်နေပြီ။ အဘိုးရဲ့ bodyguard တွေအား ပြန်ရန် ပြောလိုက်သော်လည်း ခြံသော့ပါ ဖွင့်ပေးပြီး ကမ္ဘာ အိမ်ထဲဝင်တာမြင်မှသာ တချက်ဦးညွတ်ကာ ပြန်ထွက်သွားကြသည်။ အဘိုးက သူ့အား ကလေးတယောက်လို မြင်နေတုန်းပင် ဖြစ်ရမည်။
ကမ္ဘာ အပေါ်ကုတ်နီညိုအား ချွတ်ကာ သူ့ပခုံးတဖက်ပေါ် တင်ကာ လက်ညှိုးနဲ့ ချိတ်ထားလိုက်ပြီး ဝါးနေသော ပီကေအား ဧည့်ခန်းနားက အမှိုက်ခြင်းထဲ ထွေးထည့်လိုက်ကာ သူတ်ို့အခန်းထဲ ဝင်လာခဲ့သည်။
ညအိပ်မီးသီးအစိမ်းရောင်လေးအောက်မှာ သူ့ရဲ့ဂျပုလေးက ခြေကားယားလက်ကားယားလေးနဲ့ အိပ်ပျော်နေပုံလေးကို မြင်ရသည်မို့ ကမ္ဘာတချက်ပြုံးမိသည်။ ဘီရိုထဲမှ ဘောင်းဘီတို တထည်အား ထုတ်ယူကာ ရေချိုးခန်းထဲ ဝင်လိုက်ပြီး ရေအမြန်ချိုးလိုက်သည်။ သူ သောက်ထားတာ မသိသာအောင် ပီကေပါစားထားပြီး သွားနှစ်ခါလောက် ဖိတိုက်လိုက်သည်။ အသက်မပြည့်သေးပဲ ဘာလို့သောက်လာတာလဲ ဆိုပြီး ဂျပုလေး ရစ်မှာက သေချာသည်မို့။ ဟိုကောင် ဘုန်းခကလဲ မခုတ်တတ်တဲ့ ကြောင်လို အစ်ကို့အနားကပ်နေပြီး မသောက်ရ။ အဟက်....အဲ့လိုကြောက်တာ ဘုန်းခမင်းမာန်တို့က....။
ရေချိုးပြီးတော့ ဘောင်းဘီတို တစ်ထည်သာ ဝတ်ထားလိုက်ပြီး ဂျပုလေးရဲ့ ဘေးနား ဝင်လှဲလိုက်ကာ ခန္ဓာကိုယ် ပြည့်ပြည့်လေးအား တချက်ဖျစ်ညှစ်ပြီး ဖက်အိပ်ဖို့ လုပ်လိုက်ပင်မဲ့ သူ သောက်ထားတာ ကြောင့်လား၊ ဂျပုလေးက ဆွဲဆောင်အား ပြင်းနေသည်ကြောင့်လားမသိ....ဂျပုလေးရဲ့ နှုတ်ခမ်းလေးအား သူဖိကပ်နမ်းရှိုက်လိုက်သည်။
တခေတ် တယောက်... မြွေကြီးတကောင်က သူ့အား ရစ်ပတ်ကာ နှုတ်ခမ်းကအစ မြိုချနေသည်ဟု အိမ်မက်မက်နေပြီး အတင်းရုန်းကန်သော်လည်းမရ။ ရုန်းကန်ရင်းနဲ့ သူနိုးလာတော့ ဘယ်အချိန်ကထဲက ပြန်ရောက်နေမှန်းမသိသော ကမ္ဘာက သူ့နှုတ်ခမ်းတွေအား စုပ်ယူစားသုံးနေသည်ကြောင့် တခေတ် ကမ္ဘာ့မျက်နှာအား သေချာကြည့်လိုက်တော့ သူ့အားကြည့်လာသည့် ကမ္ဘာ့မျက်ဝန်းတွေနဲ့ အကြည့်ချင်း ဆုံသွားသည်။
ESTÁS LEYENDO
ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင် (Completed)
Romance📌 fic ပါ အကြောင်းအရာများသည် သာသာ့စိတ်ကူးကမ္ဘာလေးအား ဖန်တီးထားခြင်းသာ 📌 ဆယ်ကျော်သက် အချစ်တွေက မတည်မြဲနိုင်ဘူးတဲ့...အဲ့စကားပြောတဲ့ စောက်ပါးစပ်တွေ ပိတ်သွားတဲ့အထိ... ခင်ဗျားကို ချစ်ပြမယ် တခေတ်.... ကြယ်တခေတ် ဆိုတဲ့ လူသားဟာ ကမ္ဘာထွန်းလင်းဆိုတဲ့ ကျုပ်ရဲ...
