'' ခင်ဗျား.... ညနေကထဲက စိတ်နဲ့လူ မကပ်သလိုပဲ။ ကျူရှင် နားရက်မို့သာ မဟုတ်ရင် စာသင်တာ နားထဲ ရောက်မှာ မဟုတ်ဘူး ''
သင်္ချာမေးခွန်းဟောင်း တွတ်နေသည် ဆိုတာထက် တွတ်ချင်ယောင် ဆောင်နေသော တခေတ် တယောက် စာရေးနေသည့်လက်လေး တုံ့ကနဲ ဖြစ်သွားရ၏။ ကမ္ဘာပြောသလိုပင် ညနေ ဘုန်းခ ပြန်သွားသည်ကထဲက သူ့အတွေးတွေထဲ ကမ္ဘာနဲ့သူ ရှေ့ရေးအတွက် တွေးမိကာ ရင်လေးနေမိ၏။ မိုးနဲ့မြေလို ကွာခြားတဲ့ ဘဝနှစ်ခုမို့ တခေတ် ရင်လေးရပါသည်။ ဘုန်းခနဲ့ အစ်ကိုနေထွန်းလင်းတို့ကို ဂုဏ်သရေရှိ အသိုင်းအဝိုင်း ကမို့ ကမ္ဘာ့မိဘတွေ သဘောတူနိုင်ခြေ ရှိသော်လည်း တခေတ်လို့ မိဘမဲ့ လူဆင်းရဲတယောက်နဲ့ သဘောမတူမှာက အသေချာ ပါပဲ။ သက်ပြင်းတို့သာ ခနခနချနေမိ၏။
ကမ္ဘာ့စကားအား ပြန်မဖြေကာ ငူငိုင်နေပြီး အတွေးလွန်နေသော ဂျပုလေးနား သူသွားလိုက်ပြီး ပွေ့ချီပလိုက်ကာ စာကြည့်ခန်းကနေ အိပ်ခန်းထဲ ခေါ်သွားလိုက်သည်။ ဘုန်းခ ပြန်သွားသည်ကထဲက မျက်နှာလေး မှိုင်နေသော ဂျပုလေး။ ကမ္ဘာ့မိဘတွေက သူတို့နှစ်ယောက် အား သဘောမတူလောက်ဘူးဆိုသည့် အတွေးတွေ ဝင်နေပုံပင်။ ကမ္ဘာထွန်းလင်း ဆိုတဲ့ ကောင်က ဘယ်သူ့အမြင်၊ ဘယ်သူ့ခွင့်ပြုချက်မှ တလေးတစားတောင်းခံနေမည့် အကောင်ထဲ မပါတာ သ်ိအောင်ပြောပြရအုံးမည်။
သူ့အား စွေ့ကနဲ ကောက်ပွေ့သွားသော ကမ္ဘာ့အား ယခင်ကဆို ထုရိုက်ကာ အော်ဟစ်ပစ်ပင်မဲ့ ခုအခါမှာတော့ တခေတ်တယောက် ကမ္ဘာ့ရင်ဘတ်ကြီးအားမှီလျက် လိုက်ပါလာခဲ့၏။
ဂျပုလေးအား သူတို့အိပ်ယာပေါ် ချပေးလိုက်ပြီး ကမ္ဘာပါ အနားမှာ ဝင်လှဲကာ ပွေ့ဖက်ထားလိုက်ပြီး
'' ခင်ဗျား အတွေးတွေ လျှောက်မလွန်နေနဲ့။ ကမ္ဘာထွန်းလင်း ဆိုတာ အချိန်တန်ရင် ခင်ဗျားယောင်္ကျားဖြစ်မှာပဲ ''
'' စကားကို ဘယ်လိုတွေ ပြောနေတာလဲ စရိုက်ကောင် ရဲ့ ''
အရှက်သည်းတတ်သော ကြယ်တခေတ်တို့က ခုလိုအပြောခံရတော့ သူ့ရင်ဘတ်အား တဘုန်းဘုန်း ထုရိုက်တော့သည်။
ВЫ ЧИТАЕТЕ
ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင် (Completed)
Любовные романы📌 fic ပါ အကြောင်းအရာများသည် သာသာ့စိတ်ကူးကမ္ဘာလေးအား ဖန်တီးထားခြင်းသာ 📌 ဆယ်ကျော်သက် အချစ်တွေက မတည်မြဲနိုင်ဘူးတဲ့...အဲ့စကားပြောတဲ့ စောက်ပါးစပ်တွေ ပိတ်သွားတဲ့အထိ... ခင်ဗျားကို ချစ်ပြမယ် တခေတ်.... ကြယ်တခေတ် ဆိုတဲ့ လူသားဟာ ကမ္ဘာထွန်းလင်းဆိုတဲ့ ကျုပ်ရဲ...
