တစ်ဖြည်းဖြည်းနဲ့ သူနေထိုင်ခဲ့ရာ လမ်းလေးကနေ တခေတ် တို့ဆိုင်ကယ်ကြီး ထွက်လာခဲ့တော့၏။ ဆိုင်ကယ်အမြင့်ကြီးမို့ လေတိုးသံတွေ တဝူးဝူးက တခေတ် နားစီ ရိုက်ခတ်လာ၏။ ဘယ်သူမဆို ခုနေ့မှ စသိတဲ့သူတစ်ယောက်ရဲ့အိမ် လိုက်နေချင်ပါ့မလဲ။ ကမ္ဘာထွန်းလင်းက သူ့အိမ်လိုက်နေဖို့ မခေါ်ရင်တောင် အရှက်ခွဲတတ်လွန်းသော ဒေါ်လေးကြောင့် တခေတ် ခြေဦးတည့်ရာ ေလျှာက်သွားပလိုက်မှာ သေချာပါ၏။
အပြောအဆို ခံရလွန်းလို့ သာမာန်ထက် အရေထူပင်မဲ့ တခေတ်လဲ လူထဲက လူတစ်ယောက်ပဲလေ၊ ယောင်္ကျားတစ်ယောက်ပင်မဲ့ ဝမ်းနည်ရင် ငိုတတ်ပြီး ၊ လူကြားထဲ အပြောအဆိုခံရရင် ရှက်တတ်ပါ၏။ သူ့အိမ် လိုက်နေခိုင်းသည့် ကမ္ဘာထွန်းလင်းကို တခေတ် ကျေးဇူး အရမ်းတင်မိသလို ကမ္ဘာ့အိမ်မှာလဲ တတ်နိုင်သလောက် ကူညီလုပ်ကိုင်ပေးရင်းနဲ့ နေသွားဖို့ တခေတ် တွေးထားပါသည်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာနဲ့ ကမ္ဘာ့မိသားစုက တခေတ်ရဲ့ ကျေးဇူးရှင်တွေ ဖြစ်သွားပြီမဟုတ်လား။ဒီကျေးဇူးတရားကို တခေတ် နှလုံးအိမ်ထဲ စဲွဲမြဲစွာ မှတ်ထားတော့မှာ ကူကယ်ရာမဲ့ချိန် ကမ်းလင့်ပေးတဲ့ လက်တစ်စုံမို့။
တခေတ် စက်ဘီးလဲကျသွားသော နေရာလေးနားက လမ်းကွေ့ထဲကို ဆိုင်ကယ် ကွေ့ဝင်သွားကာ ငါးအိမ်ကျော်လောက်က တထပ်တိုက်ပု အဝါလေး ရှေ့တွင် ဆိုင်ကယ် ထိုးရပ်သွားသည်။
ကမ္ဘာ ဆိုင်ကယ်ပေါ်မှ ဆင်းကာ အိမ်ရှေ့သံတံခါးကို ေသာ့ဖွင်လိုက်ပြီး ကြယ်တခေတ် အား ပွေ့ချီခေါ်လိုက်၏။ထို့နောက် အိမ်ရှေ့က အိမ်တံခါးမကြီးကို ခြေထောက် နဲ့ ကန်ဖွင့်ပလိုက်တော့...
'' အမေ့!!!. ...တံခါးကို အဲ့လိုကန်ဖွင့်စရာလား ကမ္ဘာထွန်းလင်း ရဲ့...''
'' ကျစ်......ဘာဖြစ်ဖြစ် ခု အိမ်တံခါးပွင့်သွားပြီလေ ''
'' ငါ ဖွင့်ပေးမှာပေါ့...ချက်ချင်းဆို ချက်ချင်းပဲ စိတ်က ''
'' မရဘူး...ကျုပ် အဲ့လောက် စိတ်မရှည်ဘူး ''
စရိုက်ကောင် ကို တခေတ်တယောက် ဘာမှ ဆက်မပြောတော့။ သူ နိုင်အောင်လဲ ပြောမှမပြောနိုင်တာ ။ ပါးစပ်ပိတ် နေလိုက်တာပဲ ကောင်းတယ်... ။
ВЫ ЧИТАЕТЕ
ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင် (Completed)
Любовные романы📌 fic ပါ အကြောင်းအရာများသည် သာသာ့စိတ်ကူးကမ္ဘာလေးအား ဖန်တီးထားခြင်းသာ 📌 ဆယ်ကျော်သက် အချစ်တွေက မတည်မြဲနိုင်ဘူးတဲ့...အဲ့စကားပြောတဲ့ စောက်ပါးစပ်တွေ ပိတ်သွားတဲ့အထိ... ခင်ဗျားကို ချစ်ပြမယ် တခေတ်.... ကြယ်တခေတ် ဆိုတဲ့ လူသားဟာ ကမ္ဘာထွန်းလင်းဆိုတဲ့ ကျုပ်ရဲ...
