'' ပါး ပါး....ဖေဖေ.... ဖုန်း ''
ဆံပင်နက်နက်အုတ်အုတ်လေးကို ဘေးခွဲခွဲထားသည့် ဆံပင်ကေလေးဖြင့် သူ့ဘွားဘွား ဝယ်ပေးထားသော ဘဲရုပ်လေးတွေပါသည့် အဝါရောင် ညဝတ်ဝမ်းဆက်လေးကို ဝတ်ထားသည့် သုံးနှစ်သား အားချစ်လေး။ တခေတ် ရေချိုးရင်း ခေါင်းလျှော်လာခဲ့သည်မို့ သပတ်နဲ့ခေါင်းသုပ်ရင်း ကုတင်အနားသွားကာ သားဘေးနားတွင် တင်ပါးလွှဲဝင်ထိုင်လိုက်ပြီး..သူ့ဖေဖေ video call ခေါ်နေသည်ကို ကိုင်လိုက်၏။ သားသားကို သူ့ရင်ခွင်ထဲ ပွေ့ချီထားလိုက်ပြီး တဖက်က သူတို့အချစ်ဆူံးကြီးဆီ အကြည့်ရောက်သွားတော့ ကော်ဖီရောင် ကုတ်အရှည်နဲ့တီရှပ်အနက် တွဲဝတ်ထားပြီး ပါးသိုင်းမွေး နှုတ်ခမ်းမွေး စိမ်းဖန့်နေကာ ခန့်ညားချောမောနေသူကြီးအား မြင်တွေ့ရ၏။
ဖုန်း screen ထက် ပေါ်လာသော ညဝတ်ဝမ်းဆက်ကိုယ်စီနဲ့ သားအဖနှစ်ယောက် ကို မြင်ရတော့ မနက်ခင်းအလုပ်သွားဖို့ အားအင်တွေအပြည့် ကမ္ဘာ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာ၏။ ညအိပ်ခါနီး ရေချိုးတာကို အချစ်က ခေါင်းပါ လျှော်လိုက်သေးသည့်ပုံ။
'' အချစ်.... ညဘက် ခေါင်းဘာလို့ လျှော်တာလဲ။ နောက်တခါ ညဘက် မလျှော်နဲ့တော့၊ ခုလဲ ခေါင်းခြောက်အောင် သုတ်ပြီးမှ အိပ်ရမယ် ''
'' ဖေ့ အချစ်...အရမ်းဆိုးတယ်... ''
သူ့ရင်ခွင်ထဲ ထိုင်နေရင်း ကမ္ဘာ့အား သူ့အကြောင်း တိုင်နေသော သားအား တခေတ် အသဲယားစွာ ပါးဖောင်းဖောင်းကြီးတဖက်အား မွှေးကြူပလိုက်၏။
'' အဟက်...ဟုတ်တယ် သား၊ ဖေ့အချစ်က အရမ်းဆိုးနေတာ၊ ဖေဖေ ပြန်မလာခင် သားစောင့်ကြည့်ပေးထားအုံးနော်၊ သား ဘာလိုချင်လဲ.. ဖေဖေပြန်လာရင် ဝယ်လာမလို့.... သားလိုချင်ရာပြော... ''
ကမ္ဘာထွန်းလင်း တို့က ဇာတ်လမ်းစလာပြီ ၊ သူတို့ မင်္ဂလာပွဲပြီး နောက်နေ့ပဲ မြို့ကိုပြန်လာခဲ့ကာ သားကျန်းမာရေးစစ်ဆေးမှု ပြီးတာနဲ့ နောက်နေ့ ပိုင်ပိုင်နဲ့ US ကို ပြန်သွားရသည်ကထဲက ခုထိ ကမ္ဘာ အိမ်ကိုပြန်မလာရသေး။ ကျောင်းပြီးပြန်တော့ အလုပ်ကရွှေ့ပြောင်းဖို့ ကိစ္စရော ၊အဆက်အသွယ်အချိတ်အဆက်တွေအတွတ်ပါ အလုပ်များနေသည်သာ။ တခေတ်ကတော့ သားက သူ့ကိုသာ အရမ်းခင်တွယ်ပြီး ကမ္ဘာ့အားစိမ်းနေမည်ကို ကြောက်နေမိသေးသည်။ သို့သော် သားက သူ့အဖေအား စိမ်းမသွား။ သူ့အဖေဆီက ဖုန်းလာချိန်နီးလာပြီဆို ဖုန်းနား လိပ်ပြာလေးလို တဝဲဝဲ။ တခေတ်နဲ့ထက် သူတို့သားအဖ နှစ်ယောက် ရေပက်မဝင်သောစကားတွေနဲ့သာ အလုပ်နောက်ကျမှာမို့ တခေတ်သတိပေးပြီး ဖုန်းချခိုင်းရစမြဲပင်။ လူသာ ပြန်မလာနိုင်သေးပင်မဲ့ တလတခါ ပေါ်သမျှအရုပ်တွေ ၊အသုံးအဆောင်တွေ မုန့်တွေကအစ ဟိုကနေ လှမ်းပို့ပေးနေသည်သာ။ခုဆို သားအတွတ် အရုပ်တွေထားတဲ့အခန်း သီးသန့်နောက်တခန်းထားရတော့မည်။ဘွားအေနဲ့အဘိုးတွေ၊ ဦးလေးတွေကလဲ ခဏခဏ ဝယ်ပေးနေသည်ကိုး။
VOUS LISEZ
ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင် (Completed)
Roman d'amour📌 fic ပါ အကြောင်းအရာများသည် သာသာ့စိတ်ကူးကမ္ဘာလေးအား ဖန်တီးထားခြင်းသာ 📌 ဆယ်ကျော်သက် အချစ်တွေက မတည်မြဲနိုင်ဘူးတဲ့...အဲ့စကားပြောတဲ့ စောက်ပါးစပ်တွေ ပိတ်သွားတဲ့အထိ... ခင်ဗျားကို ချစ်ပြမယ် တခေတ်.... ကြယ်တခေတ် ဆိုတဲ့ လူသားဟာ ကမ္ဘာထွန်းလင်းဆိုတဲ့ ကျုပ်ရဲ...