'' အချစ်....လမ်းကို ဖြေးဖြေးလျှောက်လေ ။ အချစ် ဘာလို့ မျက်စောင်းကြီး ထိုးတာလဲ...အဟက် ''
အချစ်ဆိုတာ ပါးစပ်ဖျားကမချ... မနက်မိုးလင်းကထဲက ခေါ်နေသော ကမ္ဘာထွန်းလင်းအား ကြယ်တခေတ် တယောက် လျစ်လျူရှုကာ ထားလိုက်ရသည်။ ခုလဲ ကျောင်းထဲ ရောက်တာတောင် စက်ဘီးထားသည့်နေရာကနေ ဆယ်တန်းအဆောင်ရှေ့ ရောက်သည်အထိ ရုပ်တည်ကြီးနဲ့ တခေတ်ကြားရုံ ပြောကာစနေသော ကမ္ဘာထွန်းလင်းအား တခေတ် က်ုက်ဆွဲပစ်ချင်စိတ်တွေ တဖွားဖွား။
ခုနေ့က အနော်ရထာအသင်း တာဝန်ကျနေမို့ သူတို့နှစ်ယောက် ကျောင်းစောစောလာခဲ့ခြင်းသာ။ ကမ္ဘာ့အသင်းတာဝန်ကျနေ့ရော ၊တခေတ်အသင်းတာဝန်ကျနေ့ပါ နှစ်ယောက် အတူ မုန့်လုံးစက္ကူကပ်ထားသလို လာကြသည်ကို အတန်းထဲက သူတိုင်း သိကြသည်။ ကမ္ဘာနဲ့တခေတ် တအိမ်ထဲ နေသည့်အကြောင်း၊သူက ကမ္ဘာ့အိမ်ကပ်နေရသည့်အကြောင်းကို ထုတ်သာမမေးကြပင်မဲ့ ဟိုတခါ ပြသာနာဖြစ်ပြီးကထဲက အတန်းထဲ ပျံ့ပြီးသားပင်။ ဗူး တရာ အပေါက်ပိတ်ဖို့လွယ်တယ် လူးပါးစပ်တပေါက် ပိတ်ဖို့ခက်သည် မဟုတ်ပါလားလေ။
အခန်းထဲ ရောက်တော့ ကောင်မလေးတွေက ဘုရားပန်းအိုးလဲ၊ သောက်တော်ရေ ကပ်သူကပ်ကာ တံမြက်စည်းလှဲသူ လှဲနေကြသည်။ တခေတ်တို့ နှစ်ယောက်လဲ ကျောပိုးအိတ် တွေ ခုံထဲထည့်ကာ သောက်ရေပုံး ဆွဲကာ ကျောင်းပင်မဆောင်ရှေ့က အုတ်ရေကန်ကြီးဆီ သွားလိုက်ကြသည်။ ရေဆွဲတာကတော့ ကမ္ဘာက တခါမှ သူ့အားအဆွဲမခံ။သူ့ဘာသာ သယ်သည်မို့ တခေတ်က အပိုလိုက်နေခြင်းသာ ။
ကေျာင်းခေါ်ကာနီးမှ ပိုင်ပိုင်တို့အတွဲ အခန်းထဲရောက်လာသည်။ မုန့်စျေးတန်းနားမှာ စကားပြောပြီးမှသာ အမြဲလာသော နှစ်ယောက် ။ တခေတ်တို့နှစ်ယောက် ကတော့ တအိမ်ထဲနေသည်မို့ ၂၄နာရီလုံး တယောက်အနားတယောက် ရှိနေကြပင်မဲ့ ပိုင်ပိုင်နဲ့စံပယ်တို့ ကတော့ ခုလို ကျောင်းလာတတ်ချိန်မှသာ တွေ့နေကြသည်။
တနေကုန် အတန်းချိန်ပြီးတာနဲ့ ဆရာမလာသေးခင် ကမ္ဘာက အချစ်ဆိုတာကြီး ခနခနခေါ်ကာ သူ့ကို စလိုက်၊ သူကလဲ လူလစ်ရင်လစ်သလို ကမ္ဘာ့လက်တွေအား ဆွဲလိမ်လိုက် နဲ့ သံသရာလည်နေသည်။ ညနေ ကျောင်းဆင်းချိန်တွင်တော့ မထင်မှတ်ထားသည့် အခြေနေတခုက ကျောင်းပေါက်ဝတွင် ကြိုဆိုနေခဲ့သည်။
ВЫ ЧИТАЕТЕ
ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင် (Completed)
Любовные романы📌 fic ပါ အကြောင်းအရာများသည် သာသာ့စိတ်ကူးကမ္ဘာလေးအား ဖန်တီးထားခြင်းသာ 📌 ဆယ်ကျော်သက် အချစ်တွေက မတည်မြဲနိုင်ဘူးတဲ့...အဲ့စကားပြောတဲ့ စောက်ပါးစပ်တွေ ပိတ်သွားတဲ့အထိ... ခင်ဗျားကို ချစ်ပြမယ် တခေတ်.... ကြယ်တခေတ် ဆိုတဲ့ လူသားဟာ ကမ္ဘာထွန်းလင်းဆိုတဲ့ ကျုပ်ရဲ...
