'' ဟန်နီ....ခန ထိုင်အုံး ''
ဧည့်ခနိးထဲက ဦးထွန်းလင်း လှမ်းခေါ်လိုက်သည်ကြောင့် company သွားရန် ပြင်နေသော ဒေါ်စံမဒီလင်း တယောက် ဧည့်ခန်းထဲ ဝင်ထိုင်လိုက်သည်။
'' ဒါလင်....ကျွန်မ အစည်းအဝေးတတ်ရအုံးမှာ၊ အချိန်သိပ်မရှိဘူး ''
'' ခနပဲ ပြောမှာပါကွာ၊ ရွေးကောက်ပွဲကျင်းပဖို့က တနှစ်တောင် မလိုတော့တာ ဟန်နီသိတယ်နော် ''
'' အင်း...ထုံးစံအတိုင်း မဲဆွယ်အကျိုးပြုကာလအတွတ် အလှူအတန်းတွေ စတော့လေ ဒါလင် ''
'' ကိုယ် စဖို့ လုပ်နေပြီ။ ဟန်နီ့သား ကမ္ဘာထွန်းလင်း တတ်တဲ့ ကျောင်းကို အလှူအတန်း လုပ်မလို ဖုန်းဆက်လိုက်တော့၊ ကမ္ဘာ ဘယ်ကျောင်းမှာ ပြောင်းတတ်နေတာလဲ မေးလာတယ်။ ကိုယ်လဲ မသိရပါလား။ ဟန်နီ ရော ကျောင်းပြောင်းတဲ့ကိစ္စ သိလား မေးတာ။ ''
'' အဖေ့ကို မေးကြည့်မှပဲ ၊ ကျွန်မလဲ မသိဘူးရှင် ''
'' ဘယ်သိမလဲ ၊ နှစ်ယောက်လုံးက သားသမီးထက် စီးပွားရေးကို ပိုချစ်နေတာကို ''
သူတို့ဆီ လျှောက်လာရင်း ပြောလာတဲ့ ဦးစံလင်းကြောင့် သူ့သားမက်နဲ့သမီးက ခေါင်းတွေငုံ့သွားကြလေရဲ့။
'' တစ်မြို့ကျော်လောက်က အစိုးရကျောင်းတခုမှာ ငါ့မြေး ပညာသင်နေတယ်၊ မင်းတို့နှစ်ယောက် သားတွေအတွတ် အချိန်ပိုပေးသင့်တဲ့အချိန်ထက် လွန်နေပြီနော် ၊ ငါ အဲ့ဒါပဲ ပြောချင်တယ် ''
ဦးစံလင်း... သူ့လူယုံတွေနဲ့အတူ ကားနဲ့ စံအိမ်မှ ထွက်သွားလေ၏။ ဒေါ်စံမဒီလင်း လဲ အစည်းအဝေး ရှိသည်မို့ company ကို driver နဲ့ သွားတော့သည်။ ဦးထွန်းလင်း ကလဲ သူ့လူယုံတော် ဦးဝင်ဆွေအပါအဝင် သူ့တပည့်တွေနဲ့ မဲဆွယ်ကာလအကြို အမှတ်ကောင်းရရန် အကောင်အထည်ဖော်ဖို့ ထွက်သွားလေသည်။
************************
'' မစနဲ့နော်...ကမ္ဘာထွန်းလင်း ရဲ့၊ ငါ စာမရသေးပါဘူးဆို ''
'' ခင်ဗျားဘာသာ ကျက်လေ၊ ကျုပ်က ပါးကို ဖစ်ရုံပဲ ''
ဖြန်း... ဖြန်း
'' မှတ်ထား...အဲ့ဒါ ငါ့ကို ထပ်စချင်အူံး ''
ကမ္ဘာ့လက်အား ရိုက်လာသော ဂျပုလေးကြောင့် ကမ္ဘာက ပိုပိုစချင်လာသည်။ မလုပ်နဲ့ဆို ပိုတ်ိုးလုပ်ချင်တာ ကမ္ဘာထွန်းလင်း စရ်ိုက်။ အဟက်....ခင်ဗျား စိတ်တိုလေ ကျုပ်က အူရွှင်လေပဲ ။
ESTÁS LEYENDO
ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင် (Completed)
Romance📌 fic ပါ အကြောင်းအရာများသည် သာသာ့စိတ်ကူးကမ္ဘာလေးအား ဖန်တီးထားခြင်းသာ 📌 ဆယ်ကျော်သက် အချစ်တွေက မတည်မြဲနိုင်ဘူးတဲ့...အဲ့စကားပြောတဲ့ စောက်ပါးစပ်တွေ ပိတ်သွားတဲ့အထိ... ခင်ဗျားကို ချစ်ပြမယ် တခေတ်.... ကြယ်တခေတ် ဆိုတဲ့ လူသားဟာ ကမ္ဘာထွန်းလင်းဆိုတဲ့ ကျုပ်ရဲ...
