Part 26 🖤

34.4K 1.2K 83
                                        

သူ့အား အိပ်ယာပေါ် ချပေးလိုက်သည်နှင့် အန္တရာယ်ရဲ့အငွေ့အသက်ကို ခံစားနေမိတဲ့ ယုန်သူငယ်လေးလို အိပ်ယာခေါင်းရင်းဘက်သို့ ရွှေ့ကာ ကမ္ဘာ့လက်ထဲမှ လွတ်အောင်ပြေးရန် ကြံရွယ်ပင်မဲ့ သူ့ခြေကျင်းဝတ်တွေကို ဆွဲကိုင်ကာ သွားခွင့်မပေးသော ကမ္ဘာထွန်းလင်း။

'' အချစ်....ပြေးလို့ လွတ်မယ် ထင်လို့လား ''

'' ဘယ်သူက ပြေးနေလို့လဲ.... ''

မပြေးဘူးပြောနေတဲ့ သူက ဆုပ်ကိုင် ထားတဲ့ ခြေကျင်းဝတ်ကို ရုန်းနေပါ့မလား။အဟွန်း...ကြယ်တခေတ်တို့က ဘူးခံငြင်းတတ်တဲ့နေရာ ဆရာတဆူ။

အိင်္ကျီကျယ်သီးတွေ တလုံးချင်းဆီ ဇိမ်ပြေနပြေ ဖြုတ်နေတဲ့ စရိုက်ကောင်ကို တခေတ် ယောင်တောင်တောင်နဲ့ ကြည့်နေမိသည်။ ရင်အုပ်ကနေတဖြည်းဖြည်း အောက်သို့ဆင်းကာ ကြယ်သီး ဖြုတ်နေသည်ကြောင့် အောက်ဆုံးကြယ်သီး ဖြုတ်ပြီးသည့်အခါ ရင်ဘတ်တခြမ်း၌ နေရာယူထားသော နဂါးပုံ တတ်တူးက ဝင့်ထည်စွာ ပေါ်ထွက်လာသည်။ ဆယ်တန်း ကျောင်းသားအရွယ်လို မဟုတ်တော့ပဲ ဖွံ့ဖြိုးထွားကျိုင်းလာသည့် ခန္ဓာကိုယ်မှာ ပေါင်မုန့်ခြောက်ထုပ်နဲ့ အဆီပိုမရှိ ကျစ်လျစ်စွာ ယောင်္ကျားပိုပီသလာလျှက်။

ခါးပတ်ခေါင်းကို ကိုင်လိုက်သည့် သူ့လက်သွားရာတလျှောက် အကြည့်တို့ လိုက်ပါမိကာ အနက်ရောင် အောက်တွင် ပုန်းကွယ်နေသည်တို့အား သူရှက်ရွံခြင်းနဲ့အတူ ကြည့်ချင်မိသည့်စိတ်တို့က လွန်ဆွဲလျက်။

ကမ္ဘာအဝတ်ချွတ်နေသည်အား မျက်စိဒေါက်ထောက် ကြည့်နေသော အချစ်ကြောင့် သူ ေကျနပ်နေသည်။ ခါးပတ်ချွတ်ကာ ဘောင်းဘီအား ဆွဲချွတ်လိုက်ပြီး အခန်းကြမ်းပြင်တနေရာကို ပစ်ထားလိုက်သည်။ boxer မီးခိုရောင်ပဲ ကျန်ရှိတော့သည် ဗလာကျင်းခန္ဓာကိုယ်ဖြင့် အချစ်အနား သွားလိုက်တော့ မျက်တောင်တဖျက်ဖျက် ခတ်ကာ ခုမှအသက်ဝင်လာသည့် သက်ရှိအရုပ်လေးနှယ်။

'' မင်း...မင်း ဘာလုပ်မလို့လဲ... ''

'' မောင်လို့ ခေါ်လေ။ အပြစ်ပေးရမှာ များနေပြီ အချစ် ''

သူ့အား အုပ်မိုးကာ နှစ်ကိုယ်ကြားရုံ ရေရွတ်ကာ​ပြောလာသည့် ကမ္ဘာကြောင့် အန္တရာယ် သက်ကွင်းထဲ ပိတ်မိနေသည့် ခံစားချက်တို့က သူ့ရင်ထဲ တိုးတိုက်ဝင်ရောက်လာလျှက်။ လွတ်မြောက်နိုင်စွမ်း မရှိသော ဝင်္ကပါ ထောင်ချောက်ထဲ ကျဆင်းသွားသည့်နှယ်။

ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင်  (Completed) Où les histoires vivent. Découvrez maintenant