Part 30 🖤( Final)

25.8K 920 55
                                    

လေယာဥ်ကွင်းမှ ထွက်ခွာလာသည့် luxury car အနက်ရောင်အမြင့်ကြီးထဲတွင် တခေတ်တို့ မိသားစုဝင်တွေ အပြည့်ဖြစ်နေပြီး ပျော်ရွှင်ခြင်း အသံတို့ ဆူညံလျှက်။ အကြောင်းကတော့ တခေတ်ရဲ့ ငယ်ကျွမ်းဆွေ ခင်ပွန်းဖြစ်ပါသော ကမ္ဘာထွန်းလင်း မြန်မာပြည်သို့ အပြီးပြန်လာသော​ကြောင့်ပင်။ ကားမောင်းသူက အစ်ကိုကြီးဖြစ်ပြီး အနားတွင် ဆရာဝန်လောင်းလျာ ဘုန်းခ ၊ ကားအလည်ခုံတွင်တော့ ပိုင်ပိုင်နဲ့စံပယ်တို့ ဖြစ်ပြီး နောက်ခုံတွင်တော့ တခေတ်တို့ မိသားစုပင်။ သားက သူ့ဖေပေါင်ပေါ် ထိုင်နေပြီး ကမ္ဘာ့လည်ပင်းကြားတိုးဝှေ့ကာ အချွဲတုံးလေး လုပ်နေသည်။

'' ဖေဖေ....''

'' ဗျာ....''

'' ဖေဖေ....''

'' ဗျာ....''

'' ခစ်..ခစ်...ဟီးး ဖေဖေ့... မွမွ ''

'' ဖေ့သားက အလိုက်သိချက်ကွာ။ ဖေဖေ့ကို သတိရနေတာ အာဘွား တွေတောင် ပေးတယ်။တချို့ကတော့ အလိုက်မသိဘူး ရယ်...အဟက် ''

စောင်းပြောနေသော ကမ္ဘာထွန်းလင်းကြီးရဲ့ ဗိုက်ကြောအား တခေတ် ဆွဲလိမ်ပလိုက်၏။

'' အ...ဖေဖေ့ကို မင်းပါးပါးက နှိပ်စက်နေတယ် သား ရေ.. အဟွန်း ''

သူ့ဖေဖေ တိုင်လိုက်သည်ကြောင့် တခေတ်ဘက် လှည့်ကြည့်လာသည့် သား။ဗိုက်ကြောလိမ်ဆွဲနေသည်ကို မြင်သွားတော့ တခေတ်ပါးအား အာဘွားပေးကာ ဖေဖေနာနာကြီး ဖြစ်နေပြီ ပါးပါးတဲ့။ အဟင်းး....သား အာဘွားကြောင့် သက်သာသွားတယ် မှတ် ။

စံပယ်က အလယ်တန်းပြ ကျောင်းဆရာမလေး ဖြစ်လာခဲ့ပြီး ပိုင်ပိုင့်ဆီ ခိုးရာလိုက်လာခဲ့သည်မှာ မနေ့ညနေကထဲက တခေတ်တို့ဆီ ရောက်နေကာ ခုနေ့မှ ပိုင်ပိုင့်ကို တခေတ်တို့နဲ့အတူ လေဆိပ်လိုက်ကြိုခြင်းပင်။ တယောက်လက်တယောက် ဆုပ်ကိုင်ထားပြီး နှစ်ယောက် တွတ်ထိုးလိုက်၊နောက်ကို လှည့်ပြီး သားကိုမြှူလိုက်နဲ့ ပျော်ရွှင်နေကြသည်။ ရှေ့ဆုံးက ဆရာဝန်ပေါက်စဖြစ်ဖို့နီးလာပြီ ဖြစ်သော ဘုန်းခမင်းမာန်သည်လဲ ရင့်ကျက်သော အသွင် ဖြစ်လာပင်မဲ့ အစ်ကိုကြီး ရှေ့ဆို ကလေးငယ်လေးလို ပြုမူလျက်ချွဲနေသည်မှာ ယခုချိန်ထိ။

ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင်  (Completed) Dove le storie prendono vita. Scoprilo ora