Part 9🖤

17.1K 1K 136
                                    

အေးဆေး ငြိမ်သက်နေသော ကော်ဖီဆိုင်တဆိုင်ရဲ့ VIP အခန်းထဲဝယ် မိန်းကလေး suit အဖြူကို ဝတ်ဆင်ထားကာ ဆံပင်အရှည်ကြီးအား ခပ်မြင့်မြင့် စီးထားသော ဧကရီမင်းမာန် နဲ့ မိုးပြာရောင် style pant ကို ရှပ်အဖြူလက်ရှည်နဲ့ တွဲဝတ်ထားသော  ရှင်းသန့်တည်ကြည်နေသည့် နေထွန်းလင်း တို​့ မျက်နှာချင်းဆိုင် ဆိုဖာတွေတွင် ထိုင်ကာ စကားတခွန်းမဆိုပဲ မုန့်စားနေကြသည်။

စားပြီးမှ ေဆွးနွေးစရာရှိတာ ဆွေးနွေးမယ်ဟု ဆိုလာသော ဧကရီမင်းမာန်ရဲ့ စကားအား နေထွန်းလင်း ဘက်ကလဲ သဘောတူကြောင်း ပြလိုက်သည်။ ကတ်ပချီနို နဲ့ ကြက်သားဘာဂါအား အကြိုက်တူစွာ မှာမိတာမို့  သူ့ရှေ့က အမျိုးသမီးလေးနဲ့ သူ အကြိုက်တူတာ ရှိသည်ကို သတိပြုမိသည်။ နှစ်ယောက်သား စားသောက်ပြီးချိန်တွင်တော့

'' ကျွန်မကို ဧကရီ လို့ ခေါ်လို့ရပါတယ် ကိုနေထွန်းလင်း ''

'' ကျွန်တော့ကိုလဲ ကိုနေ လို့ ခေါ်လို့ရပါတယ် ဧကရီ ''

'' ကောင်းပါပြီ.... ကျွန်မတို့ စေ့စပ်ပွဲ က သဘက်ခါပေါ့ ။ ''

'' ဟုတ်တယ် ဧကရီ... ''

နှစ်ယောက် စလုံးက သံပတ်ပေးထားသလို ပြောဆိုပြီးချိန်တွင်တော့ နှစ်ဦးတွေ့ဆုံမှုက ပြီးဆုံးသွားခဲ့ပြီ။ မနက်စာ အတွက် ဘေကို နေထွန်းလင်း ရှင်းလိုက်ကာ နှစ်ယောက်လုံး အလုပ်တွေရှိရာ ဆန့်ကျင်ဘက်အရပ်ဆီ ကားမောင်းထွက်ခဲ့ကြသည်။

************************

'' ကမ္ဘာထွန်းလင်း...အမှိုက်တွေကို အမှိုက်ခြင်းထဲ ထည့်ဖို့ ပြောနေရတာ ငါ အသက်ထွက်တော့မယ် ''

ပီကေ ဝါးကာ မသိချင်ယောင် ဆောင်ပြီး ဖုန်းကြည့်နေတဲ့ ကမ္ဘာထွန်းလင်းကို တခေတ် မျက်စောင်းထိုးကာ ပီကေအခွံတွေအား လိုက်သိမ်းပြီး ဧည့်ခန်း ထောင့်စွန်းနားက အမှိုက်ခြင်းအနီထဲ ထည့်လိုက်၏။ ပြီးနောက် ပြန်မပြော နားမထောင် ပုံစံနဲ့ ထိုင်နေသော ကမ္ဘာထွန်းလင်းအား အသဲယားကာ တခေတ် သူ့နား ပြေးသွားပြီး သူ့လက်တဖက်အား ဆွဲယူကာ လက်ကောက်ဝတ်အပေါ်ဘက်က အသားအား ကိုက်ဆွဲပစ်လိုက်၏။

ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင်  (Completed) Onde histórias criam vida. Descubra agora