'' တခေတ်.....ဒီမုန့်ထုပ်လေး ကမ္ဘာ့ကို ကျွေးပေးပါလားဟယ် ''
'' ငါ ကျွေးကြည့်ပါ့မယ်။စားမစားတော့ မသေချာဘူးနော် ယုယ ''
'' ေအးပါဟယ်...ငါ သိပါတယ် တခေတ်ရ ''
ယုယ လာပေးသော အချိုရည်ဘူးတွေနဲ့ ကိတ်မုန့်၊ဇီးထုပ်၊ချောကလက် အစုံပါသော မုန့်ထုပ်အား တခေတ် ယူထားလိုက်၏။ ကမ္ဘာက ဆရာမက စာအုပ်တွေ ကူသယ်ပေးရန် ခေါ်သွားသည်ကြောင့် တခေတ်အနားတွင် မရှိခြင်းသာ။ထို့ကြောင့် ယုယက တခေတ်ကနေတဆင့် ကမ္ဘာ့အား မုန့်ကျွေးခိုင်းခြင်း ဖြစ်သည်။ ကမ္ဘာနဲ့ ယုယက အဆင့်တစ်နေရာအား တယောက်တလှည့် ရနေသည်မို့ အတန်းထဲက ကောင်လေးကောင်မလေးတိုင်းက အရပ်ရှည်ကြီးနဲ့ ချောမောသော ကမ္ဘာနဲ့ အသားဖြူဖြူ ဆံပင်ကောက်ကောက်လေးနဲ့ လှသော ယုယခင် နဲ့ ကမ္ဘာ့ကွယ်ရာမှာ ship ပေးနေကြသည်။ ထို့ကြောင့် တခေတ် သဝန်မတိုဘူးလားမေးရင် တိုပါသည်။ဒါပင်မယ့် ကမ္ဘာက တခေတ်အပြင် ပိုင်ပိုင်နဲ့စံပယ်တို့ အတွဲနဲ့တောင် ဟပ်ဟပ်ပက်ပက် စကားသိပ်မပြော။ သူ့မူပိုင် တင်းထနေသော ရုပ်တည်ကြီးနဲ့ အတန်းထဲမှာ အမြဲနေတတ်သည်။ ထို့ကြောင့် ကမ္ဘာ တခြားသူနဲ့ ချစ်ကြိုက်သွားမည်ကို တခေတ် စိတ်မပူရတော့။ သဝန်လေးကတော့ တိုမိတာပေါ်လေ....ချစ်တာကိုး။
ကမ္ဘာ ဆရာမနားနေခန်းကနေ အခန်းထဲ ပြန်ရောက်လာတော့ ကြယ်တခေတ်တယောက် ပါးစပ်နားရွက်တတ်ချိတ်မတတ် ပြုံးပြနေသည်မှာ ဘာလုပ်ထားလဲ မသိ။ ကမ္ဘာ ပြန်ရယ်မပြပဲ တရားခံစစ်သော အကြည့်စူးစူးတချက်ပို့လိုက်ကာ သူ့နေရာတွင် ဝင်ထိုင်လိုက်၏။
'' ကမ္ဘာ.....ဟီး..ယုယက မင်းစားဖို့အတွတ်တဲ့...ဒီမှာ ''
'' ကျုပ် သူများကျွေးတာတွေ မစားတတ်ဘူးလို့ မပြောလိုက်ဘူးလား ခင်ဗျား ၊ ကျစ်...''
ကြယ်တခေတ် ပေးလာသော မုန့်ထုပ်အား ယူကာ... သူ့အား အကဲခတ်ကာ ကြည့်နေသော တခြားသူတွေအမြင်ကို ဂရုမစိုက်စွာနဲ့ မိန်းကလေး အရှေ့ဆုံးတန်းမှာ ထိုင်သော ယုယခင်ဆီ သွားလိုက်ကာ မုန့်ထုပ် ပြန်ပေးလိုက်သည်။
'' မင်းမှရယ် မဟုတ်ဘူး ။ငါက ဘယ်သူကျွေးတဲ့မုန့်မှ မစားတာ။နောက်တခါ ကြယ်တခေတ်ကနေတဆင့်ဖြစ်ဖြစ်၊ တခြားသူကနေဖြစ်ဖြစ် ငါ့ကို လာမပေးပါနဲ့ ''
ESTÁS LEYENDO
ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင် (Completed)
Romance📌 fic ပါ အကြောင်းအရာများသည် သာသာ့စိတ်ကူးကမ္ဘာလေးအား ဖန်တီးထားခြင်းသာ 📌 ဆယ်ကျော်သက် အချစ်တွေက မတည်မြဲနိုင်ဘူးတဲ့...အဲ့စကားပြောတဲ့ စောက်ပါးစပ်တွေ ပိတ်သွားတဲ့အထိ... ခင်ဗျားကို ချစ်ပြမယ် တခေတ်.... ကြယ်တခေတ် ဆိုတဲ့ လူသားဟာ ကမ္ဘာထွန်းလင်းဆိုတဲ့ ကျုပ်ရဲ...
