'' မပုရေ...ကျွန်တော့်ကို ဘဲဥလေး နွှာပေးပါအုံး ''
'' ဟုတ် အစ်ကိုလေး.... ''
အသားညိုညို လူကောင်ထွားထွားနဲ့ မပုက ဘဲဥပြုတ်တွေယူကာ အခွံခွာနေသည်။ ဒေါ်ကြီးစိန်ကတော့ နံနံပင်ကိုက်နေသည်။ တော်ဝင်စံအိမ်ကြီးရဲ့ မီးဖိုခန်းသည် မနက်ရောင်နီနဲ့အတူ နေ့တိုင်း အသက်ဝင်နေသည်။ အကြောင်းမှာ ကြယ်တခေတ်ဆိုတဲ့ သူက ဒီစံအိမ်ကိုရောက်ပြီး တပတ်မကြာခင် မနက်စာပြင်ဆင်သည့်ဘက် သူ့ဘာသာ တာဝန်ယူလိုက်သော ကြောင့်သာ။ ဒေါ်ကြီးစိန်နဲ့မပုတို့ ၊တခြားအလုပ်သမားကောင်မလေးတွေ ရှိပင်မဲ့ ဘာအလုပ်မှကူမလုပ်ပဲ မနေတတ်သော တခေတ်တယောက် မနက်စာပြင်ပေးခြင်းပင်။
ဂက်စ်မီးဖိုကို ဖွင့်လိုက်ပြီး အိုးကို အပူပေးလိုက်ကာ ဆီထည့်လိုက်သည်။ဆီ ဆူသည်နှင့် နနွင်းမှုန့် အနည်းငယ်ထည့်လိုက်ပြီး နွှာပြီးသား ကြက်သွန်နီဥ အသေးလေးတွေ ၊ အရောင်တင်မှုန့်၊သကြားအနဲငယ်၊အချိုမှုန့် ၊ ငါဆီသတ် တွေကို ထည့်ကာ အချိန်အနဲငယ်ကြာ မွှေနေပြီး ရေနဲ့ဖျော်ထားသော ပဲမုန့်အစိမ်းအကျက်အရောနှောကို အခဲမရှိသည်အထိ မွှေနှောက်ကာ အိုးထဲ လောင်းထည့်လိုက်သည်။ ငါးငံပြာရည် အချိုကို ပန်းကန်လုံးအသေးလေး တလုံးစာ လောင်းထည့်လိုက်ပြီး တချက်မွှေပေးလိုက်သည်။ မုန့်ဟင်းခါး ဟင်းရည်အိုး ဆူသည်အထိ ခနခန မွှေပေးလိုက်သည်။မဟုတ်ရင် အောက်ကို ကပ်ပြီး ဟင်းရည်တူးနံထွက်သွားနိုင်သည်မို့။ ဟင်းရေအိုး တပွက်ပွက်ဆူလာသည့်အချိန်တွင်တော့ ဘဲဥပြုတ်တွေကို အသာလေးထည့်လိုက်ပြီး မွှေနှောက်ကာ အပေါ့အငန် မြည်းလိုက်တော့သည်။ ဟင်းရေအိုး တည်နေတုန်း မုန်ဟင်းခါးအဖြူသည် နွှင်နေသည်အား ဆက်နွှင်လိုက်ပြီး၊ ကြက်သွန်ဖြူ အဝိုင်းလေးတွေနဲ့ ချက်ထားသည့် ဆီချက်အဖြူရယ်၊ငရုတ်သီး ၊နံနံပင် ၊ ပဲကြော် ၊ ငါးဖယ်ဆုပ်ကြော်ကို ကတ်ကြေးနဲ့ကိုက်လိုက်ပြီး ကလေးမလေးတွေကို ထမင်းစားဝိုင်းသို့ သွားပြင်ခိုင်းလိုက်သည်။
တခေတ် မုန့်ဟင်းခါး ချက်ပြီးသည့်နောက် မနက်ခင်းအလေ့အကျင့်အတိုင်း ရေချိုးရန် အပေါ်ထပ်က ကမ္ဘာ့အခန်းဆီ တတ်လာခဲ့လိုက်သည်။ အစက တခေတ်အတွတ် တခန်းထားပေးထားသော်လည်း ကမ္ဘာက လက်မခံ။သူ့အခန်းမှာသာ တခေတ်ကို နေခိုင်းကာ ဂျစ်တိုက်၏။ တခေတ် တော်ဝင်စံအိမ်ကြီးကို ရောက်နေသည်မှာ တလကျော်လာခဲ့ပြီ။ ကိတ်မုန့်ဖုတ်နည်း တွေနဲ့ ကော်ဖီဖျော်စပ်နည်း သင်တန်းတွေ တတ်လိုက်၊ ငွေကြေး စီမံခန့်ခွဲရေး သင်တန်းတွေ တတ်လိုက်နဲ့ သူ့နေ့ရက်တွေအား ဖြတ်သန်းလျှက် ရှိသည်။
![](https://img.wattpad.com/cover/305964765-288-k546816.jpg)
ESTÁS LEYENDO
ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင် (Completed)
Romance📌 fic ပါ အကြောင်းအရာများသည် သာသာ့စိတ်ကူးကမ္ဘာလေးအား ဖန်တီးထားခြင်းသာ 📌 ဆယ်ကျော်သက် အချစ်တွေက မတည်မြဲနိုင်ဘူးတဲ့...အဲ့စကားပြောတဲ့ စောက်ပါးစပ်တွေ ပိတ်သွားတဲ့အထိ... ခင်ဗျားကို ချစ်ပြမယ် တခေတ်.... ကြယ်တခေတ် ဆိုတဲ့ လူသားဟာ ကမ္ဘာထွန်းလင်းဆိုတဲ့ ကျုပ်ရဲ...