Part12🖤

35.9K 1.5K 75
                                        

အစ်ကိုနဲ့ဘုန်းခ အဆင်ပြေလောက်လားမသိဘူးဆိုကာ မနက် ကျောင်းမှာကထဲက တတွတ်တွတ်ပြောနေသည်မှာ ညဘက် ကျူရှင်ချိန်ပြီးသွားသည်အထိ။ တခြားသူသာဆို ကမ္ဘာ စိတ်တိုသွားပြီဆ်ိုပင်မဲ့ ဂျပုလေးမို့ စိတ်တိုမိတာ မရှိ။
နောက်ဆူံး အိပ်ယာပေါ်လှဲကာ ဘုန်းခ ပေးထားသော ဖုန်း no အသစ်အား ခေါ်ဆိုလိုက်သည်။

📞 '' ငါ ခုပဲ မင်းဆီ ဖုန်းဆက်တော့မလိုပဲ ကမ္ဘာ ''

📞'' အစ်ကိုရော..... အနားမှာ ရှိလား ''

ကမ္ဘာ ဖုန်းပြောတဲ့အနား အတင်းတိုးကပ်နားထောင်လာတဲ့ ဂျပုလေးလည်ပင်းလေးအား သူ့လက်မောင်းတွေနဲ့ ပွေ့ဖက်ထားလိုက်ပြီး စပီကာ ဖွင့်ပေးလိုက်သည်။

📞'' အစ်ကိုရှိတယ် ....ညီ ''

📞'' အစ်ကို....ဘုန်းခက အစ်ကို့ကို စိတ်ဆင်းရဲအောင် လုပ်ခဲ့ရင် ကျွန်တော်ကိုယ်တိုင် လာသတ်ပေးမှာမို့ ပျော်ပျော်နေနော် ၊ အစ်ကို အလုပ်တွေလဲ မေ့ထားလိုက်။ တခါလောက် လူသားဆန်ကြည့်လိုက်ပါ အစ်ကို ''

📞'' ကောင်ဆိုးလေး....ဘုန်းခက ညီ့ကို အရင်အသိပေးတာဆို ၊ လူဆိုးလေးတွေ လုပ်နေကြတာ ''

📞'' အဲ့ကြောင့် အဲ့ကောင် အချိုးမပြေရင် ၊အစ်ကို့ကို ပျော်အောင် မထားရင်၊ ကျွန်တော်ကိုယ်တိုင် အစ်ကို့ကို ပြန်ခေါ်မှာ ''

📞'' အဟား...ဟုတ်ပြီကွာ ။ တခေတ်လေးရော... ''

📞'' ဗျာ အစ်ကိုကြီး.... ''

📞'' အစ်ကိုတို့နှစ်ယောက် အဆင်ပြေမပြေ ပြောပြလိုက်ပါ။ ကြယ်တခေတ် နှလုံးရောဂါရတော့မယ်... အဟက် ''

'' ဘာတွေပြောနေတာလဲ ၊ သူများကို လျှောက်ပြောချင်အုံး ''

'' ကျစ်.... ဘာလို့ ကိုက်နေတာလဲ ၊ခင်ဗျားက ပါပီလေးလို့ ပြောရင်လဲ မကြိုက်ဘူး။ အရပ်ပုပုနဲ့ ပါပီလေး.. အဟက် ''

ကိုကို နဲ့ဖုန်း​ပြောနေတုန်း တဖက်က က​ျီစားနေသော ကမ္ဘာတို့အတွဲ ကြောင့် ဘုန်းခ ကိုကို့လက်ထဲမှ ဖုန်းကို ဆွဲယူကာ ဖုန်းချပစ်လိုက်သည်။ ဒီအချိန် နှစ်ယောက်ကြား တိတ်ဆိတ်မှုတို့ ကြီးစိုးလျှက်.... ။

ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင်  (Completed) Donde viven las historias. Descúbrelo ahora